နောင်တဆိုတာ ကြီးထွားတတ်ပါသလား...
အကယ်၍ ကြီးထွားတတ်သည်ဆိုရင်တော့ Tiffany အတွက် စိုးရိမ်ရသည်.ဘာလို့ဆို သူမရင်ထဲမှာ နောင်တတစ်ခု အမြစ်တွယ်နေတာကို သူမသတိထားမိနေပြီမို့...
တစ်ခုပါ...ဘာကိုနောင်တရလို့ရနေမှန်းမသိတာတစ်ခုဘဲ...
အဲ့ နေ့က စရေတွက်လို့နောက်နှစ်ရက်မြောက်နေ့မှာ
Liam ပြန်လာခဲ့သည်.ပြန်လာတဲ့နေ့ကလည်း ထွက်သွားတဲ့နေ့လိုပါဘဲအမှားကိုသိလို့ တောင်းပန်မှု တွေနဲ့ သူမရယ် ဒေါသတကြီးပြုမူလာတဲ့ Liam ရယ်နဲ့အတိတ်တွေကအတိုင်းတသွေမသိမ်း.
မှန်ထဲက ကိုယ့်ကိုကိုယ်ပြန်ကြည့်ရင်း နှုတ်ခမ်းထောင့်က သွေးစို့နေတဲ့ ဒဏ်ရာတစ်ခုကို ဆေးထည့်နေမိသည်.
ရိုက်ချက်တစ်ခုကြောင့် လဲကျသွားရတာလည်း ကိုယ်ဝန်ကြီးနဲ့ မို့အဆင်မပြေပါ။
Liam ကေတာ့ လဲကျနေတဲ့ သူမကို လက်ညှိုးငေါက်ငေါက်ထိုးပြီး..
"မင်းနောင်တရကိုရစေရမယ်"လို့ နီရဲနေတဲ့ မျက်လုံးတွေနဲ့ ပြောသွားခဲ့တာပါဘဲ
ကျစ်..
ပေါက်ပြဲသွားတဲ့ ဒဏ်ရာက ဆေးကို ထိတွေ့တော့ မထိန်းနိုင်ဘဲ ညည်းမိသည်...
စပ်လိုက်တာ။
မျက်ရည်တွေ ကျလာသည်။
ဘယ်အရာကြောင့် ငိုမိမှန်း မကွဲပြားပါ။-
"အ...အ တော်ပြီ မလုပ်နဲ့လို့ အား... "
Yeon က အော်နေတဲ့ သူမစကားကိုမကြားယောင်ပြုပေမယ့် သူမအနာကိုတော့ ဆေးထည့်ပေးရင်းနဲ့ လေနဲ့ဖွဖွလေးမှုတ်ပေးလေသည်
"ဒီလိုနာမယ်မှန်းသိရင် သတိထားမှပေါ့"
"ရော်...ငါလည်းသတိထားတာဘဲ yeon ရယ် မိုးတွေရွာနေမှတော့ ငါလည်း ပြေးရတာပေါ့ဟ"
Yeon က သူမကို တစ်ချက်စိုက်ကြည့်လာပေမယ့် ဘာမှတော့မပြောပေ.
"စပ်တယ် yeon"
နောက်တစ်ကြိမ် ထပ်အော်လိုက်တော့
"ငါဖွဖွလေးလုပ်ပေးပါမယ် အာ ခန.."