Page-19

649 84 7
                                    


....

မီးဖိုပေါ်က ပွက်ပွက်ဆူနေတဲ့ ဟင်းရည်အိုးကို ချကာ ပန်းကန်လုံးနှစ်လုံးထဲသို့ ပြောင်းထည့်လိုက်သည်...

ထမင်းပန်းကန်လုံး နှစ်လုံးဘေးမှာ တစ်ပန်းကန်စီချကာ ပြင်ဆင်ပြီးတော့ ထမင်းဝိုင်းပြင်ခြင်းအမှု ပြီးသည်..

Apron ကိုချွတ်လိုက်ကာ..အပေါ်ထပ်သို့ တက်လာခဲ့လိုက်သည်..

ဒေါက်..ဒေါက်..

တံခါးကိုခေါက်ပြီးသည်နှင့် ဖွင့်လိုက်တော့ အိပ်ယာပေါ်မှာ အိပ်နေတဲ့ Liam...

စစ်ဆေးမှုတွေပြီးတော့ Liam ဘေးကင်းကင်းနှင့် အိမ်ပြန်ရောက်လာခဲ့သည်..

Liamအဖေ ကတော့ ထောင် နှစ်ရှည်ကျသွားခဲ့သည်...
ဒီလတွေ အတွင်းမှာ အတော်များများ ဖြစ်ပျက်သွားခဲ့သည်။

"Liam ငါ ထမင်းဝိုင်းပြင်ထားပြီးပြီ"

မျက်လုံးများပွင့်လာကာ သူ့ကို တွေ့တော့ ထလာသည်..

"အင်း မျက်နှာသစ်ပြီး ဆင်းလာခဲ့မယ်."

သူမလည်း Liam ကို ထမင်းစားခန်းကနေဘဲ စောင့်ဖို့ ဆုံးဖြတ်ကာ ထမင်းစားခန်းထဲ ပြန်လာခဲ့လိုက်သည်.

ထမင်းကိုဟုတ်တိပတ်တိမစားတဲ့ Liam ကြောင့် သူမ သိပ်စိတ်ပူသည်..

"ငါ နောက်တစ်ပတ်ဆို အလုပ်ဝင်တော့မယ်"

ထိုကိစ္စတွေဖြစ်သွားပြီးနောက်ပိုင်း company ကို သူမ အဖေက သာ အုပ်ချုပ်နေသည် Liam ကို company မှာဘဲ အလုပ်ဝင်ဖို့ပြောပေမယ့် Liam က လက်မခံခဲ့ ..ထို့ကြောင့် သူမလည်း ဘာမှဆက်မပြောဖြစ်တော့....

"ဘယ်မှာလဲ"

တရားဝင်မိန်းမတစ်ယောက်အနေနဲ့ သူမမှာမေးခွင့်ရှိတယ်မလား...

"သူငယ်ချင်းတစ်ယောက်ရဲ့ လုပ်ငန်းအသေးစားလေးမှာပါ.."

Liam က ဖြေပြီး ထမင်းကိုသာဆက်ငုံ့စားသည်

အတန်ကြာမှ ဇွန်းကို ချ၍ သူမကိုကြည့်ကာ..

"Tiffany.. ငါကတိပေးတယ် ငါအသစ်ကနေ အကောင်းဆုံး ပြန်စပါ့မယ် မင်းရော ငါတို့ရဲ့ မမွေးသေးတ့ဲ ကလေးလေး အတွက်ရောပေါ့.."

Y O U N G 🍂Where stories live. Discover now