Y O U N G 🍂
စာမေးပွဲ ဖြေနေစဉ်အတွင်း Young က သူ့အိမ်မှာ လာအိပ်ပေးသည် သူသာမရှိရင် Yeon က စာလုပ်မှာမဟုတ်ဘူးဆိုပြီး....
"ရေဆာနေတယ်ဆို ဒီမှာ"
ရေဘူးကို စားပွဲပေါ်တင်ပေးပြီးYoung ရဲ့ လက်တစ်ဖက်က သူမစာလုပ်နေတဲ့စားပွဲပေါ်ကို ထောက်၍ နောက်တစ်ဖက်က သူမထိုင်နေတဲ့ ထိုင်ခုံပေါ် တင်ထားသည် ရေချိုးပြီးကာစ မခြောက်သေးတဲ့ ဆံနွယ်တွေက စာငုံ့ရေးနေတဲ့ သူမ မျက်နှာနား ကျီစယ်နေသည်...
လည်ချောင်းတွင်းမှ ခြောက်ကပ်လာမှု သည် ရေသောက်လည်း မပြေနိုင်မှန်း သိသည့် ခြောက်ကပ်မှု....
သို့ပေမယ့် သူပေးလာတဲ့ ရေဘူးထဲက ရေကိုသာ သောက်လိုက်သည်
"Young နင်စာမလုပ်ဘူးလား ငါ့ဘဲ ကြည့်မနေနဲ့ နင်လည်း လုပ်အုံး"
သူသာ ဒီလိုဆက်နေ နေရင် ဒီကလူ အသက်ရှူရပ်ပြီးသေနိုင်တာမို့ မေးလိုက်တော့
"အင်းပါ ငါလုပ်မှာပါ yeon ရဲ့ နင်အဆင်ပြေရဲ့လားကြည့်ပေးနေတာ..ဒါဆို ငါလည်း နည်းနည်းပြန်နွှေးလိုက်အုံးမယ်"
သူမဘေးမှာချထားတဲ့ Young ရဲ့ စာအုပ်တွေကို ယူကာ ပေးလိုက်တော့ ယူပြီး ကုတင်ပေါ်မှာ လှဲကာ စာသွားလုပ်လေရဲ့...
"ဟဲ့ Yeon ဘာလုပ်မလို့လဲ"
စာအုပ်ကို ပိတ်ကာ ဝရန်တာဘက် ထွက်ဖို့ပြင်နေတဲ့ သူ့ကို ကုတင်ပေါ်က Young က လှမ်းမေးသည်
"ငါ ခေါင်းတွေ မူးလာပြီဟ နည်းနည်းလေးနားမလို့"
"ဝရန်တာဘက် လား ပြီးရောလေ အကြာကြီးတော့မနေနဲ့ အအေးမိပြီးဖျားအုန်းမယ်"
သူမ Young စကားကို အသိအမှတ်ပြုသည့်သဘောဖြင့် ခေါင်းညိတ်ကာ တံခါးဖွင့်ပြီး အပြင်ထွက်လာခဲ့လိုက်သည်...
17ထပ်တွင် ရှိနေခြင်းက တစ်မြို့လုံးရဲ့ညအလှကို သေချာ ခံစားနိုင်စေသည် ဟန်မြစ်ဘေးက တိုက်ခန်းကို သေချာဝယ်ထားခြင်းက မြစ်ရေပြင်ကိုဖြတ်တိုက်လာသည့် လေအေးအေးကို သေချာခံစားနိုင်စေသည်...
"Coffee"
သူမကို ကော်ဖီတစ်ခွက် ကမ်းပေးနေသလို Young လက်ထဲတွင်လည်း တစ်ခွက် ရှိနေသည် Young ပေးတဲ့ ကော်ဖီကို ယူကာ တစ်ငုံသောက်လိုက်တော့ ခါးသက်ပြီး ပူနွေးတဲ့ ကော်ဖီက လည်ချောင်းထဲက တစ်ဆင့် ဖြတ်ဆင်းသွားသည်...ပူနေသော ကော်ဖီကြောင့် အပြင်မှာ နေတာ နည်းနည်းကြာသဖြင့် အေးနေသော ခန္ဓာကိုယ်က နည်းနည်းပိုနွေးသွားသလို ခံစားလိုက်ရသည်...