Page -29[final page]

1.2K 102 22
                                    

Young(final)

ဆိုင်တံခါးဖွင့်လိုက်တော့ ပန်းတွေ ကို စည်းနေတဲ့ ဦးလေးနဲ့ အတူ seulgi ကိုပါတွေ့လိုက်ရသည် seulgi မနေ့က အိမ်ကိုသေချာပြန်ရောက်ရဲ့လားတောင်မသိ။

"ဟာ jess... "

Seulgi က သူ့ကိုမြင်တော့ နာမည်တစ်လုံးသာခေါ်၍ နှုတ်ဆက်ခြင်းကိုစတင်သည်။

ဦးလေးလည်းသူမကိုမြင်သွားသဖြင့် သူမနားကိုရောက်လာသည်။

"မတွေ့ရတာကြာပြီ ဦးလေး နေကောင်းလား"

"အေး ကောင်းတယ်လို့ဘဲပြောရမှာပေါ့ အသက်လေးလည်းရလာတော့ သိတယ်မလား ဒါနဲ့ သမီးအေဖေရာ အဆင်ပြေရဲ့လား"

အဖေ့အကြောင်းနဲ့ သူမတို့နှစ်ယောက် အတန်ကြာ စကားပြောနေကြတုန်း seulgi ကတော့ မလှမ်းမကမ်းမှာ ပန်းတွေနဲ့ အလုပ်ရှုပ်နေသည်။

သူမနဲ့ ဦးလေးစကားပြတ်သွားမှ seulgi ကို ဘာလို့ ဒီဆိုင်မှာရောက်နေကြောင်းမေးရသည်။

"Kang seulgi က နောက်ဆိုပန်းရောင်းတော့မှာ"

လက်ကိုပိုက်ကာ ယုံကြည်ချက်ရှိရှိပြောလာသည်။

"ဦးလေးက သူ့ဆိုင်ကို နင့်ပေးမယ် ထင်နေလို့လား"

"ပေးမှာတဲ့ joohyun နဲ့ ယူရင်"

အံ့သြတကြီးနဲ့ ဦးလေးကို လှမ်းကြည့်တော့ ဦးလေးက မနိုင်ဘူး ဆိုသည့်ပုံနဲ့ ခေါင်းခါသည်။

"ဟာ..ဦးလေးဘဲ ပေးမှာဆို မနေ့ကဘဲ ပြောထားတာ မေ့သွားပြီလား"

"ဦးလေးက မပေးဘူးမပြောပါဘူး ဒါပေမယ့် joohyun နဲ့လက်ထပ်မှလို့မပြောမိပါဘူး seulgi ရယ်"

ဦးလေးက မနေနိုင်သဖြင့် ဝင်ပြောလာရသည်။

"ဒါနဲ့ နင်တို့နှစ်ယောက် အခြေအနေကရော"

"Joohyun လား သူက ငါ့ကို အဖြေတောင်းထားတယ် ဒါပေမယ့် ငါမယုံလို့"

"ဘာကိုမယုံတာလဲ"

"သူငါ့ကိုကြိုက်တယ်ဆိုတာဖြစ်နိုင်ပါ့မလား "

တကယ်ပါဘဲ ဒီလိုနည်းနဲ့ kang seulgi ဒီတစ်သက်ရည်းစားရပါအုံးမလား...joohyun ကိုစိတ်ဝင်စားရင်လည်း မြန်မြန် အဖြေပေးပြီး အဆင့်တက်ဖို့ကြားကဘဲ သူမက မြှောက်ပေးလိုက်ရသည်။

Y O U N G 🍂Where stories live. Discover now