Page-12

779 112 9
                                    

သူမ ရောက်နေတဲ့နေရာက လမ်းတစ်ခု။ သူမ ဘယ်ဘက်ဘေးမှာ တဝီဝီဖြတ်သန်းနေတဲ့ ကားတွေရှိနေသလို ညာဘက်မှာတော့ ဆိုင်ခန်းတွေ။

ညမီးရောင်တွေကြား အရောင်စုံတဲ့လူတွေဟာ သူတို့ရဲ့ အချိန်ကာခတစ်ခုကို သူမဘေးကနေ ဖြတ်သန်းပြီးကုန်ဆုံးနေကြတယိ။

ကိုယ့်ကိုကိုယ် အသုံးမကျတဲ့သူတစ်ယောက်လုံး ခံစားရတဲ့ အချိန်တွေ Young နဲ့ပတ်သက်လာရင် သူမမှာရှိတယ်။
ဝေးဝေးပြေးချင်တာလား ။နီးစပ်ချင်တာလားလည်း မသိတော့။
‌အဝေးပြေးတဲ့လမ်းတိုင်း သူ့အနားဘဲ ပြန်ပြန်ရောက်သွားတတ်တဲ့ ဂယက်တွေရှိသလို။နီးဖို့ ကြံရွယ်မိလို့ ရှေ့တိုးမိတဲ့အခါ အဝေးကို ပြန်လွင့်ထွက်သွားတဲ့ အချိန်မျိုးလည်း ရှိလာ

ဝတ်ထားတဲ့ hoodie ရဲ့ ခေါင်းစွပ်ကို စွပ်လိုက်သည်။လက်နှစ်ဖက်က အကျီၤအိတ်ထဲမှာ ထည့်လျက်သား။ ရာသီဥတုက အေးနေသော်လည်း hoodie ပေါ်က ထပ်ဝတ်ထားတဲ့ ဂျင်းလက်ရှည် ပွပွကြောင့် အအေးဒဏ်ကို ကောင်းစွာ အံတုနိုင်ပေသည်..

"ဟာ.."

အာမေဋိတ်သံ ထွက်လာခြင်းရဲ့ အဓိက အကြောင်းက သူမ ရှေ့က အရုပ်ကောက်စက်ကြောင့်ပင်။ တိတိကျကျပြောရရင်တော့ အဲ့စက်ထဲက ပန်းရောင်ဝက်ရုပ်လေး။

"ဆော့ကြမလား"

စက်ရှေ့သွားကာ လက်ဖဝါးနှစ်ဖက်ကို ပွတ်ရင်း ကိုယ့်ဘာကိုယ်ရေရွတ်မိသည်။

ထို့နောက်မှာတော့ စက်ထဲကို တစ်စေ့ပြီးတစ်စေ့ဝင်သွားရှာတဲ့ အကြွေစေ့လေးများ။

"အာ...ရပြီ ရပြီ.......ဟာ..."

ရကာနီးမှ ပြုတ်ကျသွားတဲ့ ဝက်ရုပ်လေး။
နှမြောတသဖြစ်ကာ ကာခြားထားသော မှန်မှ တစ်ဆင့် ထိတွေ့မိသည်။

နောက်တစ်ခေါက်....

"အား.....ရတော့မယ်...ရပြီ ရပြီ............ဟာကွာ.."

စက်ကိုတောင် ခါရမ်းမိလိုက်သည်။

ဒါသက်သက် Jessica Jung ကို လာညစ်တာ။

ဆော့နေတာ ဘယ်လောက်ကြာပြီလဲတော့မသိ။ သူမကတော့ ဒီနေ့ အဲ့အရုပ်မရမချင်း အိမ်မပြန်ဟု ဆုံးဖြတ်ထားသည်။

Y O U N G 🍂Where stories live. Discover now