YOUNG🍂
လက်ထဲက ဘူးပန်းရောင်လေးကို အမြတ်တနိုး ကြည့်နေရင်း မျှော်နေရသူကို စောင့်နေမိသည်။
ကျောင်းပေါက်၀မှာမို့ တစ်စစ၀င်လာတဲ့ ကျောင်းသားတွေကြား အရပ်ရှည်ရှည် ခပ်ထင်းထင်းမျက်နှာနဲ့ လူသားတစ်ယောက်မပါသ၍ ကျန်လူပေါင်းများစွာက သူမ စိတ်ထဲမရှိပါ။
မနေ့ညက ညနက်တဲ့ အထိ ပင်ပင်ပန်ပန်းဖုတ်ထားတဲ့ ကွတ်ကီးလေးတွေမှာ သူမအချစ်တွေပါသလို ၀န်ခံခြင်းတွေနဲ့ အလှဆင်ထားသည်။
ရုတ်တရက် မျက်လုံးတွေလင်းလက်သွားသည်။ပြောပါတယ်။ ထိုလူသားက သူမကို အရာရာဖြစ်စေတယ်။
"Liam..."
သူမခေါ်သံကြောင့် Liam အကြည့်တွေက သူမဆီရောက်လာသည်။ ထိုကောင်လေးက သိပ်ကြည့်ကောင်းသည်။Young မှာတော့ သူ့အကြည့်တွေနဲ့တင် ကြည်နူးရပါတယ်။
"ဒီနေ့ ကျောင်းလာတာ နောက်ကျတယ်နော်"
သူ့အနားသွားကာနှုတ်ဆက်တော့ သူက သူ့ မူပိုင် အပြုံးထင်းထင်းနဲ့ တုန့်ပြန်တယ်။
"ဟုတ်တယ် ၀င်စရာလေးရှိနေလို့"
"ငါနင့်ကိုပြောစရာရှိလို့ အချိန်ခဏလောက်ရမလား"
Liam က ကျောင်းပေါက်၀ကို တစ်ချက် လှည့်ကြည့်သည်။ပြီးတော့ သူမကို ခေါင်းညိတ်ပြသည်။
_______________🍂🍂🍂________________
သဘောကျတယ် ။ချစ်တယ် ။မြတ်နိုးတဲ့ အကြောင်းအရာတွေကို
ဖွင့်ထုတ်ပြသည်။ညကတည်းက ဘာပြောရမလဲ စဉ်းစားခဲ့ပေမယ့်
တကယ်တမ်းဖြစ်လာတော့ အကုန်လုံးက အသစ်လိုပင်။"အဲ့တာကြောင့် နင့်ကို သဘောကျတယ် Liam အင်း..သဘောကျတာထက်ပိုတယ်"
စိတ်လှုပ်ရှားမှုဟာ ပါးစပ်ကထွက်လာတဲ့ စကားလုံးတွေကိုပါ နှောက်ယှက်သည်။
Liam ကသူမကို သေချာစိုက်ကြည့်သည်။နောက်..
"ငါနင့်ကိုမချစ်ဘူး Tiffany"
Yeon ကို တုန့်ပြန်နေကျ စကားတစ်ခွန်းကို သူမသတိရမိသည်။
သူမအဲ့လိုတုန့်ပြန်တိုင်း yeon က ဒီလို မျိုး အရမ်းနာကျင်ရတာဘဲလား။ရင်ဘက်ထဲကို သံချောင်းတစ်ချောင်းချင်းစီ တိုး၀င်နေသလိုမျိုးလေ။