Page-14

967 113 19
                                    


 
ဆိုင်တစ်ဆိုင်ရဲ့အတွင်းမှာတော့ ခွက်ချင်းတိုက်သံ ရယ်သံများဖြင့်ပြည့်နှက်နေသည်...

မိန်းကလေးခြောက်ယောက်သာ ပါဝင်တဲ့ ဝိုင်းဖြစ်သော်လည်း အသံကေတာ့ ဆိုင်တစ်ဆိုင်လုံးကို ဖုံးလွှမ်းနေလေသည်...

Choi Sooyoung ကတော့ စုံစမ်းရေးမှူးတစ်ယောက် ဖြစ်သော်လည်း ရှေးမူမပျက် ကြက်ခြေထောက်ကိုသာ အသားကုန် ဆွဲနေသည်...

"ဒါပြီးရင် club သွားကြမလား"

Hyoyeon သည်လည်း တော်တော် ရေချိန်ကိုက်နေပြီထင် ဒါတောင် အိမ်ပြန်ဖို့မတွေးဘဲ နောက်တစ်ဝိုင်းဆက်ချင်နေသေးတာ

Yuri နဲ့ yoona ကေတာ့ အေးဆေးစွာဘဲ သောက်နေကြသည်..တစ်ခါတစ်လေ သူနဲ့ စကားဝင်ပြောလိုက်နဲ့...

စကားကောင်းနေကြတာက သူနဲ့ Taeyeon.

Taeyeon က အခု ကိုရီးယားနိုင်ငံရဲ့ ရဲတစ်ယောက် ဖြစ်နေပြီဖြစ်သည်..

အနက်ရောင်ရှပ်ပေါ်တွင် စစ်စိမ်းရောင် ခပ်ပွပွ လက်ရှည်ကို ဝတ်ထားခြင်းက ကိုရီးယားနိုင်ငံရဲတွေရဲ့ ယူနီဖောင်းလားဟုတောင်သူမထင်မိသည်..

ရဲဖစ်လာလို့လားတော့မသိ။သူမစိတ်ထဲတွင် Taeyeon ကို နို့ပြတ်ပြီဟု ထင်မိသည်။ဖြူဖြူနုနုလေးဖြစ်နေပေမယ့်လည်းပေါ့။

"Taeng နင်ရော ရည်းစားမရသေးဘူးလား"

"ငါ့ကို အဲ့အကြောင်းမပြောစမ်းပါနဲ့ဟာ"

Soju ခွက်ကို မော့သောက်ရင်း Taeyeon က စိတ်ပျက်လက်ပျက်ပြောလာသည်။

"ကျောင်းတုန်းက စော်ကြည်တယ်ဆိုတာ အခုချိန်မှာ ပုံပြင်သိလား။ အရင်က ငါမှငါဖြစ်ကြတဲ့ ဟာတွေကလည်း ကလေးတွဲလောင်းနဲ့"

သူမ အသံထွက်ရယ်မိသည်။

"ဒါနဲ့ နင်ရော Jess .Fancy လက်ထပ်ပွဲမတိုင်ခင်ကတည်ူက ပျောက်သွားတာ အခုမှ မြင်ရတယ်"

စကားဝိုင်းထဲ Young နာမည်ပါလာသဖြင့် စိတ်က ထိုင်းမှိုင်းသွားသည်။ခပ်ဖွဖွသာပြုံးရင်း အဖြေပြန်မပေးဖြစ်

"အင်း Fanyလည်း ပါလာရင် ကောင်းမှာကိုကွာ အခုတော့ လူမစုံဘူး "

Y O U N G 🍂Where stories live. Discover now