Page-11

719 97 14
                                    

YOUNG🍂

"သူဌေး အပြင်မှာ B & E က ကိုယ်စားလှယ်ရောက်နေပါတယ်"

"အင်းလွှတ်လိုက်လေ.."

ထိုင်ခုံမှ ထကာ အရှေ့က sofa ပေါ် ထိုင်လိုက်သည်။ခဏကြာ တာ့ အခန်းထဲသို့ ကောင်မလေး တစ်ယောက် ဝင်လာသည်။

မတ်တပ်ရပ်ကာ .

"ထိုင်ပါ..Jessica Jung shi တွေ့ရတာဝမ်းသာပါတယ်"

"ကျွန်မလည်း ဝမ်းသာပါတယ် "

ခပ်တင်းတင်းစေ့ထားသော နှုတ်ခမ်းပါးတစ်စုံမှ နှုတ်ခမ်းတွန့်ချိုးမှုသည် အပြုံးဟု မခေါ်ဆိုနိုင် ။ကမ်းလာသော လက်ကိုပြန်လည်ဆုပ်ကိုင်ကာ နှုတ်ဆက်ခြင်းအမှုကို ပြီးစီးစေသည်။

လုပ်ငန်းအကြောင်းတွေနည်းနည်းပါးပါးပြောပြီးသည်နှင့် သူမ အတွက် ပြန်ဖို့ အချိန်သင့်ပေပြီ။

"Ms Jung ရဲ့ ရုံးခန်းနေရာကို ကျွန်တော့ အတွင်းရေးမှူးက ညွှန်ပြပါလိမ့်မယ်"

"ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် ဒါဆို ကျွန်မကိုခွင့်ပြုပါအုံး"

"ကျွန်တော်တို့နဲ့ အတူလုပ်မယ့် project အတွက် Ms.Jung ကို အားကိုးပါတယ်"

ထွက်သွားသော အမျိုးသမီးကို အပေါက်ဝထိ လိုက်ပို့မိသည်။

Liam သူ့ကို နှုတ်ဆက်ကာ ထွက်သွားသော အမျိုးသမီးကို တစ်နေရာရာ၌ တွေ့ဖူးနေသလို။ရင်းနှီးနေပေမယ့် ဘယ်မှာ တွေ့ဖူးမှန်း စဉ်းစားလို့မရ

"အတွင်းရေးမှူးကင် ခဏလောက် ဝင်လာခဲ့"

ချက်ချင်း ၀င်လာတဲ့ အတွင်းရေးမှူးဖြစ်သူကို

"ငါ့ကို ခုနက လာသွားတဲ့ Ms.Jung ရဲ့ အကြောင်းနည်းနည်းစုံစမ်းပေး"

_____________🍂🍂🍂___________

လိုက်ကာမှ တစ်ဆင့်၀င်လာတဲ့ နေရောင်ခြည်ကြောင့်နိုးလာတော့ အရင်ဆုံး လွန်ခဲ့တဲ့ သုံးနှစ်က မနက်ခင်းတစ်ခုကို သတိရမိတယ်။

ဒါပေမယ့် လွန်ခဲ့တဲ့ သုံးနှစ်ကမနက်ခင်းလိုတော့ မဟုတ်။

မျက်နှာကို လက်ဖြင့်အုပ်ကာ သက်ပြင်းရှည်ကြီးချမိသည်။

ကုတင်ပေါ်က ထမိတော့ အောက်ပိုင်းတစ်နေရာမှ စူးကနဲ အောင့်နက်လာမှု။

Y O U N G 🍂Where stories live. Discover now