Page-20

549 66 8
                                    


.

.
"ခဏ ဖုန်းလာနေလို့မင်းအရင်ဝင်နှင့်လိုက်"

Liam က သူမကိုအသိပေးကာ မလှမ်းမကမ်းမှာ သွားဖုန်းပြောနေလေရဲ့....

အထဲမှာ သူမမိသားစုရော ထိုကောင်မလေးမိသားစုရောပါရှိမှာဖြစ်တဲ့ အတွက်မဝင်ခင် တံခါးဝမှာရပ်ကာ ကိုယ့်ကိုကိုယ်ပြန် ပြင်ဆင်လိုက်သည်

တံခါးကို အသံမထွက်အောင် ဖြည်းဖြည်းချင်းဖွင့်လိုက်တော့..

မဖြစ်နိုင်တာ....

ဟင့်အင်း..ဒီလိုဖြစ်လို့မရဘူးလေ..

သူမအစ်ကိုရဲ့ ဘေးမှာ ရှိနေတဲ့ အမျိုးသမီးဟာ သူမရဲ့ နေ့စဉ်ဘ၀ကိုပါ ရိုက်ခတ်နိုင်သည်။

ဘယ်သူမှ သတိမထားမိတုန်း ပြန်ထွက်လာမှဖြစ်မယ်.....

ပြန်လှည့်ဖို့ပြင်လိုက်တော့ Liam က သူမဆီကို ဦးတည်လာနေလေရဲ့။

Liam တွေ့သွားလို့မဖြစ်ဘူး

"ဘာဖြစ်လို့လဲ မင်းအဆင်ပြေရဲ့လား..."

အလျင်အမြန် မျက်နှာဖုံးတစ်ခုကို ကောက်စွပ်လိုက်ရသည်...

"အင်း ဗိုက်က နည်းနည်း နာလာလို့.."

"မွေးတော့မှာလား.. "

"အခုမှ ခြောက်လကျော်ကျော်ဘဲ ရှိသေးတာ ဒီတိုင်း နာတာနေမှာပါ..အိမ်ပြန်ရအောင် ငါနားချင်နေလို့.."

သူမ မုသားကိုတော့Liam ယုံသွားသည်ထင်...

သူမကို ကူညီတွဲပေးကာ ကားဆီသို့ရောက်ခဲ့ရသည်...

"ဘာလို့လဲ ကိုကိုရာ နင်ဘာလို့ အဲ့မိန်းမနဲ့မှ လက်ထပ်ရတာလဲ..."

_

"ဟုတ်ပြီ စိတ်ကိုငြိမ်ငြိမ်ထား...ဒါက မဖြစ်နိုင်ပါဘူး.."

အခန်းထဲ ၌ ခေါက်တုန့်ခေါက်ပြန်လမ်းလျှောက်ရင်း တစ်စုံတစ်ခုကိုအဖြေရှာနေသူ....

"ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ...သူက ဆွဲဆောင်မှု ရှိတဲ့ သူလည်း မဟုတ်ဘဲနဲ့"

Kang seulgi မျက်နှာက ပေါ်လာပြန်တော့..အလန့်တကြားနဲ့ကိုယ့်ပါးကိုယ်ပြန်ရိုက်ရသေးတယ်....

Y O U N G 🍂Where stories live. Discover now