Page-6

785 110 8
                                    

Y O U N G 🍂

Young ပြောတဲ့ နေရာကို ရောက်တော့ ဘယ်သူမှမရှိ. ဒီ ပန်းခြံထဲ သူဘာလာလုပ်တာလဲ. ခုနက ဖုန်းဆက်တုန်းက ကြားလိုက်ရတဲ့ ငိုသံကြောင့် စိုးရိမ်စိတ်က ကြီးစိုးနေသည်. ပန်းခြံတစ်ခုလုံးကလည်း မှောင်မည်းနေသည်

ဂျွတ်..

သစ်ကိုင်းခြောက်ကို တစ်ယောက်ယောက်နင်းလိုက်တဲ့ အသံကို သတိထားမိလိုက်သဖြင့် အနောက်သို့လှည့်ကြည့်လိုက်တော့...

Saeng il chuk ha ham ni da

Saeng il chuk ha ham ni da

Sarang ha neun wuri yeonnie..

Saeng il chuk ha ham ni da...

လက်ပေါ်မှာက ဖယောင်းတိုင်ထွန်းထားတဲ့ cake တစ်လုံး. ပြီးတော့ သူမဆီကို birthday song ဆိုကာ အပြုံးများဖြင့် တစ်လှမ်းချင်းလှမ်းလာနေရဲ့.ဝေဝါးသွားတဲ့ အမြင်အာရုံဟာ စိတ်ပူတာကြောင့်မဟုတ်တာတော့ သေချာသည် ပျော်နေတာ သူပျော်နေမိတာ...မျက်နှာကို လက်ဖဝါးနှစ်ဖက်ဖြင့်အုပ်ကိုင်လိုက်မိသည် ဒီနေ့ သူ့မွေးနေ့ဆိုတာပင် သူမေ့နေတာ ဒါကို Young က မှတ်မိသည်တဲ့လား

"Happy Birthday yeon! မွေးနေ့မှာ ပျော်ရွှင်ပါစေ"

ဘာမှမပြောဘဲ ဆက်ငိုနေသော yeon ကြောင့် Tiffany လည်း

"Hey yeon ငိုချည်းမနေနဲ့ ဖယောင်းတိုင်မှုတ်အုံးဟ ငါကိုင်ထားရတာညောင်းနေပြီ"

အခုမှ အသက်ဝင်လာသူ နှယ် အယောင်ယောင်အမှားမှားနဲ့ခေါင်းညိတ်ကာ သူမ လက်ထဲက cake ပေါ်က ဖယောင်းတိုင်မီးကို မှုတ်ကာ လက်နှစ်ဖက်ယှက်တွယ်ပြီး မျက်လုံးမှိတ်ကာ ဆုတောင်းနေလေရဲ့

"ဘာဆုတောင်းလည်း "

"ဆုတောင်းဆိုတာက တခြားတစ်ယောက်ကို ပြောပြရင် မပြည့်တော့ဘူးဟ"

Young ဟာ နှုတ်ခမ်းစူသွားလေရဲ့ ငါတကယ် နင်နဲ့အဝေးကို ထွက်သွားနိုင်ပါ့မလား.

အလယ်မှာ cake ထားပြီး ခုံတန်းလေးတစ်ဖက်တစ်ချက်စီမှာ ထိုင်ဖြစ်ကြသည်

"ငါ တောင်းပန်ပါတယ် ဟိုနေ့က နင့်အပေါ် ငါလွန်သွားတယ် "

ဘာအကြောင်းကြောင့် တောင်းပန်မိလဲသူမမသိ။သူမမှားသည်ဖြစ်စေ မှန်သည်ဖြစ်စေ သူမကြောင့် Young ၀မ်းနည်းရင် တောင်းပန်သင့်တဲ့အရာပင်ဖြစ်သည်။
အရာအားလုံးမှာ စတင်အရှုံးပေးရသူဟာ သူဘဲဖစ်ချင်တာမို့.....

Y O U N G 🍂Where stories live. Discover now