Y O U N G🍂
"သမီးနိုးလာပြီလား"
လိုက်ကာစကို ဖယ်ရင်း အမေက ပြောလာသည် အမှန်တိုင်းပြောရရင် သူ နိုးတာ နည်းနည်းကြာပြီဖြစ်သည်....
Yeon ဘာလို့ သူမအနားမှာရှိမနေတာလဲ..
ရိုးရိုးနေမကောင်းဖြစ်ရင်တောင် မိုးလင်းကနေမိုးချုပ် သူမအနား ရှိနေတတ်သော လူသားတစ်ယောက်သည် သူမ မေ့လဲသွားသော အချိန်တွင် ရောက်မလာခဲ့ဘူးတဲ့....လောကကြီးက ထူးဆန်းလိုက်တာ.......
"အဆင်ပြေရဲ့လားသမီး ခေါင်းရောမူးနေသေးလား သမီးမူးလဲသွားတယ်လို့ Liam ပြောတော့ အမေ တို့ အရမ်းစိတ်ပူသွားတာ "
"သမီး အဆင်ပြေပါတယ် omma မေ့လဲသွားတာကလည်း ပင်ပန်းသွားလို့နေမှာ အခုတောင် ဘာမှဖြစ်တော့တာမဟုတ်ဘူး "
Omma က ကုတင်ပေါ် ဝင်ထိုင်ကာ သူမဆံပင်တွေကို နားနောက်သပ်ပေးရင်း...
"နေကောင်းအောင်နေပါသမီးရယ် "
"ဒါနဲ့ ဆေးရုံက ဆင်းလို့ ရပြီလား ဘာမှမှမဖြစ်တော့တာ..."
"မနက်ဖြန်လောက်ဆိုရင်တော့ ဆင်းရမှာပါ အခုက ဆေးစစ်ထားတဲ့ အဖြေတွေမရသေးလို့လေ..."
"ဘာမှလည်းဖြစ်တာမှမဟုတ်တာကို"
အိမ်ပြန်ခွင့်မရသဖြင့် စူစူအောင့်အောင့်ပြောနေရင်း မျက်လုံးက ကုတင်ဘေးမှာရှိတဲ့ စားပွဲပေါ်ကို အကြည့်ရောက်သွားသည်.....
ခရမ်းရောင် အထပ်အထပ်ပွင့်ဖတ်လေးတွေနဲ့ တစ်မျိုးလေးပုံစံရှိသည့် ပန်းတစ်ချို့က လေးထောင့်ပုံ ဖန်ပုလင်းထဲ၌ ထိုးစိုက်လျက်ရှိနေသည်...ပန်းလေးက တစ်မျိုးလေးနဲ့ လှနေသည်...
အခုမှ လိုအပ်နေတာပြည့်သွားသလို...
"Yeon လာသွားတာလား"
ခရမ်းရောင်ပွင့်ဖတ်များကို ထိရင်းမေးလိုက်သည်...
"ဟုတ်တယ် ခုနကလာသွားတာ သမီးနိုးလာတာမစောင့်ဘူးလားမေးတော့ အလုပ်လေးတွေရှိနေလို့ သွားတော့မယ်ဆိုပြီးပြန်သွားတာ အမေတောင် sooyeon အဲ့လိုပြောလို့အံ့သြနေတာ အရင်ကဆို သမီးတစ်ခုခုဖြစ်ရင် ထိုင်မရထမရနဲ့ သည်းသည်းလှုပ်နေတတ်တဲ့ ကောင်မလေးက အဲ့လိုပြောလို့လေ သမီးတို့ရန်များဖြစ်ထားကြတာလား.."