Page-15

791 94 13
                                    

"ဘာ...yul ဒါ ဆို နင်က.."

Jess ရဲ့ဆက်ပြောမည့်စကားများသည် တစ်ဝက်တစ်ပျက်မှာပင်ရပ်တန့်သွားရလောက်အောင် တုန်လှုပ်နေမိသည်..

"ဟုတ်တယ် yoong ညီမကို ဒီလိုအဖြစ်မျိုးရောက်အောင် လုပ်ခဲ့တဲ့ သူက ငါ.."

ခေါင်းကိုငုံ့ကာ yuri ဝန်ခံမိသည် ပြီးတော့

"yoong ညီမကို ရှာတွေ့ပြီလို့ ငါသိလိုက်ရတဲ့အချိန်မှာ ငါအရမ်းဝမ်းသာသွားတယ် yoong အဖြစ်ချင်ဆုံးဆန္ဒကို ဖြည့်ဆည်းပေးနိုင်တော့မှာမို့လို့လေ.."

Yuri က ဆက်မပြောသေးဘဲ ရပ်နေသည်..ဆက်မပြောနိုင်တာလည်းဖြစ်ချင်ဖြစ်နိုင်သည်
အတော်ကြာမှ...

"ဒါပေမယ့် ငါ့ပျော်ရွှင်မှုတွေက တာရှည်မခံခဲ့ဘူး ။ အဲ့နေ့က ငါ့ရှေ့တည့်တည့် ကုန်တင်ကားကို ရှောင်ဖို့အတွက် ငါကွေ့လိုက်တဲ့ ဘက်မှာ အဲ့ကလေး.. ရှိနေခဲ့တယ်။"

ဘုရားရေ..ဘယ်လိုယုံချင်စရာမကောင်းတဲ့တိုက်ဆိုင်မှုမျိုးလဲ။

"ငါဒီနှစ်တွေအတွင်း Yoongမျက်နှာကို စေ့စေ့မကြည့်ရဲခဲ့ဘူး။သူ့ကို အားနာမိတာမို့ ပြောလည်းမပြောထွက်ခဲ့ဘူး။Jess ငါဒီကလေးကို တကယ် ပြန်နိုးလာစေချင်တယ်"

နှစ်သိမ့်ပေးဖို့ရာ မကြိုးစားမိ။ကိုယ်ကိုတိုင်တောင် ယုံနိုင်ဖို့ခက်ခဲနေတုန်းမို့

Yuri ကို လှမ်းကြည့်မိတော့ နှစ်အတော်ကြာ တစ်ယောက်ထဲမျိုသိပ်ခဲ့ရတဲ့ ပြည့်ကြပ်မှုတွေကိုတွေ့နေရသည်။

-

"အမ Lynne ဗိုက်ဆာလို့"

ပန်းပင်တွေကိုရေလောင်းနေရင်း အနောက်ကနေ ထွက်လာတဲ့ Lynne အသံကြောင့် Tiffany လုပ်လက်စအလုပ်ကိုရပ်ကာ

"ဟုတ်လား အစ်မ ဘာလုပ်ပေးရမလဲ"

"ဘာမှ လုပ်ပေးဖို့မလိုပါဘူး။အပြင်မှာထွက်စားဖို့ အဖော်သာလိုက်ခဲ့ပေးပါ"

Tiffany တစ်ချက်တွေဝေသွားသော်လည်း.ချက်ချင်းပင် ခေါင်းညိတ်ကာ Lynne စကားကိုလက်ခံလိုက်သည်။

အပြင်ထွက်စားမည်ဆိုသော်ငြားလည်း Lynne သူ့ခေါ်လာရာနေရာက တွန်းလှည်းနှင့်ရောင်းသည့် ငါးပေါင်မုန့်ဆိုင်ကိုသာ...

Y O U N G 🍂Where stories live. Discover now