Page-10

752 106 30
                                    


YOUNG🍂

မီးကင်ထားသော ပေါင်မုန့်နှစ်ချပ်က ပန်းကန်ထဲ၌အသင့်ရှိနေတယ်
တစ်ချပ်ကို ယူကာ ပါးစပ်ထဲထည့် အသင့်ဖျော်ထားတဲ့ ကော်ဖီခွက်ကို တစ်ဖက်က ကိုင် နောက်တစ်ဖက်ကတော့ အလုပ်က စာရွက်တွေကို ကိုင်ရင်း ဧည့်ခန်းသို့ ထွက်လာခဲ့သည်...

နောက်တစ်ပတ်ဆိုလျှင် သူမ အလုပ်ဝင်ရတော့မည် ဒီက Company တစ်ခုနဲ့ သူမတို့ company စပ်တူအလုပ်လုပ်ရာတွင် သူမကို ဒီဇိုင်းရေးဆွဲသူအဖြစ် ခြောက်လလောက် အလုပ်လုပ်စေဖို့ လွှတ်လိုက်ခြင်းဖြစ်သည်...
သို့သော် အခုထိ သူမမှာ Company နာမည်တောင်မသိသေး...

" J One "

စာရွက်ပေါ်က အမည်နာမတစ်ခု။

တိုးတိုးရေရွတ်မိသွားသည်.
ဒီနာမည်ကို သူမ ရင်းနှီးနေသည်..ရင်းနှီးနေတာမဟုတ် စိတ်ထင့်နေခြင်းသာ...

စားပွဲပေါ် တင်ထားတဲ့ ဖုန်းက တုန်ခါလာသည်...
ဆက်လာသူက yuri..

"Jess နင်အားလား"

"ဘာလုပ်မလို့လဲ.."

ဖုန်းကို နားနဲ့ ပခုံးခြားညှပ်ရင်းဖြေနေသလို laptop ပေါ်၌လည်း လက်ချောင်းများက တစ်ရွေ့ရွေ့ပြေးလွှားနေကြသည်...

"နင်ပြန်ရောက်လာတုန်းလေး သူငယ်ချင်းတွေပြန်တွေ့ကြမလားလို့ Taeyeon တို့ကလည်း နင်နဲ့တွေ့ချင်နေကြတယ်.."

"ကောင်းသားဘဲ တွေ့ကြတာပေါ့ အချိန်နဲ့နေရာ ငါ့ကိုပို့လိုက်လေ."

"Ok ဒါဆို နောက်မှတွေ့မယ် Jess"

"အင်း...ဒါနဲ့ "

တစ်ခုခုကို ပြောဖို့တွေးပြီးမှ...

"ဘာမှမဟုတ်ပါဘူး နောက်မှတွေ့တာပေါ့.."

"အင်း ငါ လိပ်စာပို့လိုက်မယ်"

ဖုန်းကို စားပွဲပေါ်ပြန်တင်လိုက်သည်..
Laptop screen ပေါ်မှာ ပေါ်လာတဲ့ Company ကြီးတစ်ခုရဲ့ပုံနဲ့ အတူ ပါလာတဲ့ လူတစ်ယောက်..

"Liam.."

Liam ပုံက ထင်ထင်ရှားရှားပေါ်လာသည်...

ဆက်ရှာကြည့်လိုက်တော့ Liam နဲ့ Young တို့ရဲ့ စုံတွဲ ဓာတ်ပုံများ...

Y O U N G 🍂Where stories live. Discover now