Page-25

410 68 7
                                    


-

ဓာတ်ပုံရိုက်သံတဖျတ်ဖျတ်နဲ့ အနည်းငယ် ဆူညံနေတဲ့ ပတ်ဝန်းကျင်ကြောင့် ခေါင်းတွေနောက်လာသည် outdoor shooting ဖြစ်သဖြင့် လူတွေနဲ့ ဝေးတဲ့နေရာကို တစ်ယောက်တည်းထွက်လာခဲ့လိုက်သည်။

Lynn က ကြော်ငြာအတွက် တရုတ်ဘက်ကိုပါသွားရိုက်ချင်ကြောင်းပြောတုန်းက လက်ခံလိုက်ခြင်းသည် Korea မြေမှ အနည်းငယ် လွတ်ထွက်လာချင်စိတ်ကြောင့်ဆိုတာ သူမငြင်းမရ။ Lynn က သူတစ်ယောက်ထဲ သွားမည်ဟုပြောသော်လည်း လိုက်ချင်နေသည့်သူမကတော့ လိုက်လာတာပါဘဲ။

ရောင်စုံပန်းခင်းကြီးတွေရဲ့ အလယ်မှာ ရောက်နေသဖြင့် လေတိုက်တိုင်း ပန်းမျိုးစုံရနံ့က သူမစိတ်ကိုဖမ်းစားနေသည်။

ရှုတင်ရှိရာနေရာတစ်ဝိုက်မှာဘဲ ဆူညံနေသဖြင့် ဒီနေရာမှာတော့ အေးဆေးနေသည်။
သူမဘေးနား အနီရောင်ကားလေး ထိုးရပ်လာကာ lynn ဆင်းလာသည်။

သိပ်မကြာသေးခင်က ကော်ဖီသောက်ချင်လို့ဟုဆိုကာ မြို့ထဲဘက် ထွက်သွားသော lynn သည် သူမထင်ထားတာထက် ပိုကြာပြီးမှ ပြန်ရောက်လာသည်။
မျက်နှာကလည်း ခုနကလောက် သိပ်မလန်းပေ။

"Lynn ရိုက်ကွင်းက ဒီနေ့နောက်ဆုံးမလား"

"ဟုတ်တယ် lynn တို့ ဒီည flight နဲ့ဘဲ ပြန်ကြမယ်လေ lynn လက်မှတ်ဖြတ်လာပြီးပြီ"

သူမ ခေါင်းကိုသာ ခပ်လေးလေးညိတ်လိုက်သည်။
သူမဟာ Korea မြေကိုခြေ ချရမှာတွန့်နေသလို Lynn ဟာလည်း china မှာ နည်းနည်းမှ ဆက်မနေချင်တော့ပေ။

-

ကုတင်ပေါ်မှာ မှောက်အိပ်နေရတာ ရင်ဘတ်တွေနာလာသဖြင့် ပက်လက်လှန်ကာ စဉ်းစားခန်းဖွင့်သည်။

နောက် ဇောက်ထိုး...

ကုတင်ပေါ်ကလျှောဆင်း၍ ကြမ်းပြင်ပေါ် ငုတ်တုတ်ထိုင်ကာ စဉ်းစားပြန်သည်။

ထိုင်ခုံပေါ် တစ်ဖုံ။ကြမ်းပြင်ပေါ်တစ်လှည့် နေရာပေါင်းစုံ ပုံစံပေါင်းစုံကနေ စဉ်းစားနေသော်လည်း နေရာပေါင်းစုံထောင့်ပေါင်းစုံကနေမပြောနဲ့ အကြံလေးတစ်ခုတောင်ထွက်မလာတော့ seulgi လက်မှိုင်ချချင်လာသည်။

Y O U N G 🍂Where stories live. Discover now