Y O U N G🍂
အအေးခန်းထဲက စီစီရီရီထည့်ထားတဲ့ နို့စတော်ဘယ်ရီနှစ်ဘူးကိုယူကာ ကောင်တာပေါ်တင်လိုက်သည်။
အချိန်ပိုင်း၀န်ထမ်းကောင်မလေးမှာ မနက်စောစောဖြစ်သဖြင့် အိပ်ရေးမ၀သေးတဲ့ပုံပင်။မျက်လုံးကိုကြိုးစားဖွင့်ကာ သူမ၀ယ်တဲ့ပစ္စည်းတွေကို scan ဖတ်နေရသည်။
ကျသင့်ငွေရှင်းပြီး Young အိမ်ဘက်ထွက်လာတော့ အရင်နေ့တွေက လာတဲ့အချိန်ထက် နာရီ၀က်စောနေသေးသည်။
Young တို့လမ်းကြားဘက် ချိုး၀င်လာတော့ အိမ်ထဲကနေ ကျောင်းသွားဖို့ပစ္စည်းအပြည့်အစုံနဲ့ Young ထွက်လာတာကိုတွေ့လိုက်သည်။
လှမ်းခေါ်ဖို့ လက်ကပြင်တုန်း Young ဟာ ဘေးပတ်၀န်းကျင်ကိုဂရုမစိုက်ဘဲ လမ်းလျှေယက်သွားသည်။ထို့အတူ သူမ ဖုန်းကလည်း တုန်ခါလာသည်။
"Young"
"နင် အိမ်ကထွက်လာပြီလား yeon"
Young သွားသည့်နောက်မလှမ်းမကမ်းလိုက်လာမိသည်။ကျောင်းကိုသွားသည့်လမ်းမဟုတ်ဘဲ Young က ဘယ်ကိုသွားနေတာလဲ။
"ဘာဖြစ်လို့လဲ"
"ငါအခု ကျောင်းကိုရောက်နေပြီ မနက်က၀င်စရာလေးရှိတာနဲ့စောစောထွက်လာလိုက်တာ နင်ရောအခု ထွက်လာနေပြီလား"
ခြေလှမ်းဟာ ရပ်သွားသည်။
"ငါကအခုမှရေချိုးမလို့ ပြင်တုန်းရယ်။ ဒါဆို ငါလာမခေါ်တော့ဘူးလေ Young"
စကားသံအပြီးမှာ Young ရှေ့ကို ကောင်လေးတစ်ယောက်ရောက်လာခဲ့သည်။
အခုမှ အားလုံးကို နားလည်သွားသလို။
"နင်ငါ့ကိုလိမ်နေတာဘဲ Young"
____________🍂🍂🍂______________
စာရွက်သားပေါ်ကို အနည်းငယ်တုံးနေပြီဖြစ်တဲ့ ခဲတံနဲ့ ထောက်ကာပြန်ခွာတော့ ခဲရာ အစက်အပြောက်က စာရွက်သားပေါ် ထင်ကျန်ခဲ့သည်။
စိတ်ရှုပ်ရှုပ်နဲ့ စာရွက်အပေါ်ဘက်ကနေ အောက်ဆုံးထိ ခဲတံနဲ့ ခြစ်ချလိုက်မှ နေရတာပေါ့သွားသလို။
"ဒီလောက်ခက်တဲ့ ပုစ္ဆာတွေက ငါတို့အဆင့်နဲ့ ကိုက်လို့လား ငါတို့ထက်အတန်းပိုကြီးတဲ့သူတွေကိုတွက်ခိုင်းရမှာလေ"