Page-2

996 123 0
                                    

Y O U N G 🍂

"Tiffany Young နင် စိတ်ဆိုးပြစမ်းပါ ငါ့ကို"

Yuri စကားကြောင့် အတန်းလစ်လာကြသော တစ်ဖွဲ့လုံးရဲ့ အာရုံသည် Yuri ထံ ရောက်သွားကြသည်။

"ဘာတွေလာပြောနေတာတုန်း စိတ်ဆိုးစရာလည်း မရှိဘဲနဲ့ စိတ်ဆိုးပြစရာလားငါက"

"ဒါပေမယ့် နင် Jess ကို စိတ်ဆိုးတယ်လေ..စိတ်ဆိုးစရာမဟုတ်ဘဲနဲ့လေ"

၀င်ပြောလာသူက Sooyoung.
ထိုအခါက Young က အလှပဆုံးပြုံးလိုက်ကာ လခြမ်းကွေးသဏ္ဍာန်မျက်လုံးလေတွေနဲ့ သူ့ကိုကြည့်လာကာ

"အဲ့တာက yeon လေဟာ ။ ငါက ငယ်ငယ်ကတည်းက သူ့ကို နိုင်ခဲ့တဲ့သူမို့လားတော့မသိဘူး သူကလွဲ တခြားသူတွေကို စိတ်မဆိုးတတ်တာထက် စိတ်ဆိုးချင်တဲ့စိတ်မရှိတာ ပြသနာ သေးသေးလေးနဲ့လေ"

"လူကြားထဲဆို ငါ့ကိုသူနိုင်ကြောင်းဘဲ အမြဲပြောတယ် ငါက ငယ်ကျွန်ကြီးကျလို့"

နားထဲက နားကြပ်ကို ဖြုတ်ရင်း မဲ့ရွဲ့ပြောတော့ Young က နှစ်ယောက်ကျော်ကနေ မမှီမကမ်း လာရိုက်သည်။

"အေးလေ အခုမှ စသိတဲ့ ငါတို့တောင် နင်သူ့အပေါ် ဘယ်လောက် အနိုင်ယူမှန်း သိနေတာ ငါရဲ့ Jess လေး လူဆိုးမကြီးနှိပ်စက်တာခံနေရတာဘဲ သနားလိုက်တာ"

Taeyeon က တမင်လုပ်ယူထားတဲ့ အသံကြီးနဲ့ Yeon ကို ဖက်လိုက်ကာ Fany ကို မဲ့ရွဲ့ပြတော့ Young တစ်ယောက် ချက်ချင်း Taeyeon ဘေးရောက်လာကာ

"ဖယ် နင်ဖယ် ငါ့ yeon ကို နင်အသားယူတာများပြီ"

Taeyeon ခမျာ Young ဆွဲဖယ်တော့ ကားယားကားယားနဲ့ သူမကိုလွှတ်ပေးလိုက်ရလေသည်။

"ငါ canteen သွားအုံးမယ် ဗိုက်ဆာလာလို့"

Sooyoung က ထရပ်ကာပြောလာသည်။

"ငါရောလိုက်မယ်ဗိုက်ဆာနေတာ..နင်တို့ရော ဘာမှာအုံးမလဲ"

Yoona ကပါ ထပြောရင်း မေးတော့..

"ငါ့ကို cheese burger တစ်ခု နဲ့ ကော်ဖီတစ်ဘူး ၀ယ်ပေးခဲ့"

Jess မှာပြီး ကျန်တဲ့ သူ‌တွေကပါ တစ်ယောက်တစ်ပေါက်နှင့် သူတို့ မှာလိုသည်များကို မှာကြလေသည်..

Y O U N G 🍂Where stories live. Discover now