Youngဘဲလ္တီးသံက အဆက်မပြတ် ထွက်လာသဖြင့် မထချင်ဘဲ ထလာရသည်။မထချင်သည်ဆိုတာထက် မထနိုင်ခြင်းက ပိုမှန်ပေမည်။
မနေ့ညက မိုးရေထဲနေတာကြာသွားသဖြင့် ဒီနေ့တော့ တစ်ကိုယ်လုံး ကိုက်ခဲကာ မူးနေသည်။
. တံခါးဖွင့်လိုက်တော့..Young က တံခါးရှေ့မှာ ဝင့်ဝင့်ထည်ထည်..
လူက မလှုပ်နိုင်သော်လည်းYoung ကိုမြင်တော့ ပြုံးနိုင်လာသည်။
"နင်ဖျားနေမယ်မှန်း သိလို့ ငါလာခဲ့တာ.."
အိမ်ထဲကို ဝင်ဖို့ရာ လမ်းဖွင့်ပေးတော့ ဝင်လာကာ မီးဖိုထဲတန်းဝင်သွားသည်။
"ငါနေမကောင်းဖြစ်တာ နင်ဘယ်လိုလုပ်သိလဲ"
"ဒီလိုပါဘဲ မနေ့က မိုးမိထားတော့ ထင်မိလို့"
တစ်ချိန်က yoona ပြောခဲ့ဖူးတဲ့ Jess ဟာ မိုးမိရင်ဖျားတတ်တာနင်သိလားဆိုတဲ့ စကားကြောင့်ဆိုတာတော့ သူမ မပြောဖြစ်ပါ။
သူမကိုယ်သူမလည်း ထိုကိစ္စကို မသိခဲ့ရခြင်းအပေါ် အရမ်း အံ့သြမိသည်။
Yeon နဲ့ အတူရှိခဲ့သည့်တစ်လျှောက်မှာ yeon နေမကောင်းဖြစ်တာမျိုး သူမ တစ်ခါမှ မတွေ့ဖူးပေ။yeon ကဘဲ ဟန်ဆောင်ကောင်းတာလား..သူမကဘဲ တုံးအလွန်းတာလားဆိုတာမသိပါ။
"စားစရာလည်း ဘာမှ မရှိဘူး yeon ရာ နင်ဘယ်လိုများနေလဲ"
Jess ထမင်းစားပွဲပေါ် ခေါင်းမှောက်အိပ်ရင်း...
"ငါက ဗိုက်ဆာရင် yoona တို့ဆီသွားတာ အိမ်မှာဘာမှ မထားဖြစ်ဘူး"
"ထင်တော့ထင်မိတယ် ဘာဘဲဖြစ်ဖြစ် ငါ၀ယ်လာတာမှန်သွားတာဘဲ"
လက်ထဲက အထုပ်ကြီးအထုပ်ငယ်ကို မြှောက်ပြရင်း Young က ဆိုလာသည်။
မျက်လုံးကိုမှိတ်လိုက်တော့ သူမ နဖူးပေါ် ရောက်လာတဲ့ လက်ရြဲ နွေးထွေးမှုကို ခံစားမိသဖြင့် ပြုံးမိသည်။
ကြိုက်လိုက်တာ..ဒီလိုခံစားမှုမျိုးကို...
"ဆေးရောသောက်ပြီးပြီလား"
သူမ ခေါင်းသာ ခါပြမိသည်။သူမပါးပေါ်က Young လက်ကို ဆုပ်ကိုင်လိုက်တော့ Young က တွန့်သွားသည်။