ကံကြမ္မာဟာ တစ်ခါတစ်ရံ နောက်ပြောင်တတ်သည်။သူမဆီကို company တစ်ခုရဲ့ ကိုယ်စားလှယ်အနေနဲ့ကောင်မလေးတစ်ယောက် ရောက်မလာခင်အထိ
သူမထိုစကားကို မယုံခဲ့ပေ။ဒေါက်မြင့်ဖိနပ်ရဲ့ အသံဟာ တိတ်ဆိတ်နေတဲ့ အခန်းကို တံခါးခေါက်လိုက်သလို....
အမှန်အတိုင်းပြောရရင် သူမ အံ့သြမိပါသည်။
ဒီကောင်မလေး အရမ်းရင့်ကျက်လာတာကိုပေါ့.."မတွေ့ရတာ ကြာပြီ မမ"
ခရမ်းရောင်ဝတ်စုံကို fashion ကျစွာ ဝတ်ဆင်လာခြင်းကထိုကောင်မလေးရဲ့ ဂုဏ်ကိုမြှင့်တင်ပေးနေသယောင်.
စာကြည့်မျက်မှန်ကို ချွတ်လိုက်ကာ သူမကို နေရာပေးမိသည်။
အတွင်းရေးမှူးမလေးက ကော်ဖီနှစ်ခွက်ကို လာချပေးသွားသည်။
"မင်းတောင် အရွယ်ရောက်လာပြီဘဲ lynn"
သူမပြောတော့ ထိုကလေးမက ရယ်သည်။သူရယ်တော့ အရင်က တဇွတ်ထိုးဆန်ဆန် ဆယ်ကျော်သက်အရွယ်
Ella lynn ဆိုတဲ့ ကောင်မလေးကို ပြေးမြင်မိသည်။"၇နှစ်တောင် ရှိသွားပြီဘဲ မမရယ် lynn လည်း အရွယ်ရောက်ပြီပေါ့"
သူမပြောမှ ကွဲကွာရတဲ့ အချိန်အတိုင်းအတာကို သတိထားမိသည်။
သူမ ကိုယ်တိုင်လည်း ဆယ်စုနှစ်သုံးခုစာလောက်ကို ဖြတ်ကျော်၍ လေးခု စာလောက်ရောက်နေပြီမလား။
"ကဲ ဆို ဘာကိစ္စ"
ကော်ဖီကို တစ်ငုံသောက်ရင်းမေးလိုက်တော့...
"မမကတော့ လုပ်ပြီ။ lynn က ကိုယ့်ကိုကိုယ်မိတ်ဆက်ရဦးမှာလား"
အမှန်တော့ ထိုကလေးမလေးဟာ သူမတို့ ဒီတစ်ခေါက် ကုန်ပစ္စည်းအတွက် ကြော်ငြာမယ့် model ရဲ့ company. CEO ဖြစ်သည်။ဒီလို ကိစ္စအတွက် CEO ကိုယ်တိုင်လာစရာမလိုပေမယ့် သူကတော့ လာခဲ့သည်။
နောက်တစ်ခေါက် ထပ်ရေရွတ်မိသည်။
အင်း....lynn တောင် အရွယ်ရောက်လာပေါ့...
Young နင်ရော....
တစ်ခါတစ်လေမှာ အချိန်နဲ့ ကုစားလို့ မရတဲ့ အရာတွေရှိတယ်ဆိုတာ နင်ယုံလား Young.