"Liam ငါ့မှာ ကိုယ်ဝန်ရှိနေပြီ"
Liam က သူမစကားကြောင့် laptop ပေါ်မှအကြည့်ခွာကာ အာရုံတွေက သူမဆီရောက်လာသည်..
"သေချာလို့လား"
"အင်း ငါစစ်ပြီးသွားပြီ"
Liam ကခေါင်းညိတ်သည်..
တခြားဘာအမူအရာမှမထူးခြား။ကိုယ့်သွေးကနေဖြစ်တည်လာတဲ့ ကိုယ့်ရဲ့ ကိုယ်ပွားလေးတစ်ယောက်ရလာသည်က ဝမ်းသာစရာကောင်းသည်လို့ Tiffany ထင်သည်။ဆန္ဒရှိလို့ ရလာတာ မဟုတ်သည်ဆိုရင်တောင်မှပေါ့။
"ကျေးဇူးတင်ပါတယ် ငါ့အဖေဖြစ်ချင်တဲ့အတိုင်းဖြစ်အောင်လုပ်ပေးလို့"
အံ့သြစရာကောင်းလိုက်တာ....
Tiffany ပြောဖို့ကြိုတင်စဉ်းစားထားတဲ့စကားကို အားတင်းရင်းပြောလိုက်သည်...
"မွေးလာမယ့် ကလေးကို နင့်လို ငါ့လို အဖြစ်မျိုးနဲ့ မကြုံစေချင်ဘူး Liam လူကြီတွေရဲ့ လောဘတွေကြားထဲ ငါ့ကလေးကို မြေစာပင်အဖြစ်မခံနိုင်တာမို့ ငါ အတတ်နိုင်ဆုံး သူ့ကို ကာကွယ်ပေးသွားမှာ"
Keyboard ပေါ်ပြေးလွှားနေတဲ့ Liam လက်ချောင်းတွေ ရပ်တန့်သွားသည်....
"ကောင်းတယ် Tiffany .မင်းအဲ့လိုဖြစ်အောင် ကြိုးစားပေးပါ"
-
"Young...နင်အခုဘာလုပ်နေလဲ.."ဖုန်းထဲမှ yeon အသံက တက်ကြွနေသည်..
"ငါပန်းဆိုင်ရောက်နေတာ.."
ဦးလေးကြီးပေးတဲ့ ပန်းစည်းကိုယူရင်း ဖြေလိုက်သည်..
"နင်ဝယ်နေကျဆိုင်လား... "
"အင်း နင်ရော.... "
"အဆင်ပြေရင် တွေ့ကြမလား ငါ့အိမ်ကို လာခဲ့မလား"
-
တစ်ခါမှမရောက်ဖူးတဲ့ တိုက်ခန်းတစ်ခန်းရှေ့၌ bell တီးရန် လက်တွန့်နေသူက Young,
Yeon ပေးတဲ့ လိပ်စာအတိုင်းလာခဲ့တိုက်တိုက်ခန်းဝတောင်ရောက်နေပြီဖြစ်သော်လည်း yeon အိမ်ထဲဝင်ရမှာတွန့်ဆုတ်နေမိသည်..
ဘာလို့လဲတော့ သူမသေချာ မသိ။ ထားပါ ဒါတွေ...
စိတ်ကိုတင်းကာ bell တီးလိုက်သည်။