//အားလုံး ပင်ပန်းနေလည်း ဆက်အားတင်းထားကြပါနော်
အနာဂတ်မှာ အကောင်းတွေဘဲ ရှိလာမှာပါ။//Y O U N G 🍂
:လူတစ်ယောက်တန်ဖိုးကို နားအလည်နိုင်ဆုံးအချိန်က သူ့ကို ဆုံးရှုံးလိုက်ရတဲ့ အချိန်ဘဲ:
ရေချိုးခန်းထဲက ရေကျသံ သဲ့သဲ့ ကြားရသည်။.ဗီရိုကို ဖွင့်ကာ Liam နဲ့ လိုက်ဖက်မည့် ဝတ်စုံကို ထုတ်ထားလိုက်သည်။
အဖြူရောင်ကို yeon က သိပ်ကြိုက်တာ......
ရေချိုးခန်းတံခါးပွင့်လာသည်...ပြီးတော့ Liam ထွက်လာသည်...အောက်ပိုင်းကိုသာ တဘတ်အဖြူပတ်ထားသဖြင့် အပေါ်ပိုင်းမှာ ရေစက်တွေကလွဲလို့ ဘာမှရှိမနေ။.ဒီလူသားဟာ အခုချိန်ထိ သူမကို စွဲဆောင်နေတုန်းပင်။.အချိန်တွေကြာသွားတာတောင်မှပေါ့။
"အပြင်ထွက်တော့ ခဏနေငါဆင်းလာခဲ့မယ်.."
Liamပြောသည့်အတိုင်း အပြင်ကိုထွက်လာခဲ့လိုက်သည်...
လူနှစ်ယောက်ရှိနေသည့် ထမင်းဝိုင်းတစ်ခုဟာ အဲ့လောက်ထိ တိတ်ဆိတ်နိုင်မှန်း သူမ မသိခဲ့။..ဇွန်းသံ ခက်ရင်းသံသာ ထွက်ပေါ်နေသည်။
"မနက်ဖြန် ညနေ အမတ်လီ ရဲ့ ဂုဏ်ပြုပွဲရှိတယ် မင်းအဆင်သင့်ပြင်ထား ငါမင်းကို လာခေါ်ဖို့ လူလွှတ်လိုက်မယ်"
တစ်ဝက်ကျော်ကျော်ရှိသည့် ဖန်ခွက်ထဲမှ ရေကို သောက်ရင်း ပြောသည်။
သူမ ခေါင်းကိုသာညိတ်ပြလိုက်သည်။
မနက်ဖြန်ညနေတော့ သူမနဲ့ Liam ဟာ အရမ်းကို ချစ်ကြသည့် လင်မယားနှစ်ယောက် ဖြစ်ကြအုံးမှာပင်ဖြစ်သည်။
"ပြီးတော့ ငါဒီည အိမ်ပြန်လာမှ မဟုတ်လို့ စောင့်မနေနဲ့"
သူမတို့နှစ်ယောက်ကလင်မယားဆိုတာကို သက်သေပြနိုင်တဲ့ အချိန်သည် စာရွက်စာတမ်းတွေမှာသာ.ရှိသည်...
"ကိုယ်ထွက်လာပြီ ခဏလေးဘဲစောင့်နော်"
သူမကို ပြောသော စကားသံနှင့် ကွဲပြားခြားနားသော အသံနှင့် ဖုန်းဆက်လာသော တစ်ဖက်ကသူကို ဖြေကာ သူမရှေ့ကထွက်သွားလေသည်...