Page-7

811 116 17
                                    

Y O U N G 🍂

မနက်ခင်းရဲ့ နေရောင်ခြည်က ပြတင်းပေါက်မှတစ်ဆင့် အိပ်ယာထဲက စောင်ပုံအောက်မှာလုံးထွေးရင်းအိပ်ပျော်နေတဲ့ ကောင်မလေးဆီသို့ ကျူးကျော်ဝင်ရောက်လာသည်...

မျက်နှာပေါ်ကျရောက်လာတဲ့ နေရောင်ခြည်စူးစူးကြောင့် သူမနိုးလာသည်. မျက်လုံးတောင်မဖွင့်ရသေးခင် ခေါင်းထဲက တဆစ်ဆစ်ထိုးကိုက်လာမှုကြောင့် နားထင်ကို ဖိနှိပ်ရင်း မျက်လုံးကို ကြိုးစားဖွင့်လိုက်ရသည် ဖွင့်ဖွင့်ချင်းမြင်လိုက်ရတဲ့ အဖြူရောင် မျက်နှာကျက်ကြောင့် သူမဘယ်ရောက်နေသည်ကို ပြန်လည်စဉ်းစားလိုက်ရသည် သို့ပေမယ့် မြင်နေကျ အသုံးအဆောင်တစ်ချို့နှင့် ရင်းနှီးတဲ့ အငွေ့အသက်တစ်ချို့ကြောင့် yeon ရဲ့ အိပ်ခန်းထဲမှာရောက်နေမှန်း သိလိုက်ရသည်။ ထို့ပြင် မဖိတ်ခေါ်ဘဲ ဝင်ရောက်လာသည့် မနေ့ညက အဖြစ်အပျက်တစ်ချို့.....

ဧည့်ခန်းထဲက sofa ပေါ်မှာ....

မက်မက်မောမော နမ်းရှိုက်နေကြတဲ့ ပုံရိပ်တစ်ချို့...

Yeonလည်ပင်းပေါ်က သူမပေးအပ်ခဲ့သည့် အမှတ်အသားတစ်ချို့.......

ဘုရားရေ....သူမနဲ့ yeon အိပ်ခဲ့မိတာလား..

ပြီးတော့ရော...ဘာဆက်ဖြစ်ကြသေးလဲ...

ထူပူနေသော ခေါင်းက ဘာဆက်ဖြစ်သည်ဆိုတာကို ဆက်လက် မဖော်ပြတော့....

မဖြစ်နိုင်တာ...သူမနဲ့ yeon က သူငယ်ချင်းဘဲကို အဲ့လို ဖြစ်စရာအကြောင်းမှမရှိတာ....

မနက် နိုးလာတော့ သူမချစ်ရတဲ့သူဟာ သူ့ဘေးမှာ ကွေးကွေးလေး အိပ်နေလေရဲ့ မသိရင် မနေ့ညက သူမကို အပိုင်ယူဖို့ ကြိုးစားတာသူမဟုတ်တဲ့ အတိုင်း.....

ဘယ်တော့မှ ဒီလိုမနက်ခင်းမျိုးရနိုင်မှာမဟုတ်တော့ဘူးဆိုတဲ့ အသိက ဝင်လာတော့ ဝမ်းနည်းရပြန်သည်။တကယ်ပါ သူမဟာ အချစ်ခံရဖို့မပြောနှင့် တစ်စုံတစ်ယောက်ကို ချစ်နိုင်ဖို့ကို ကံမပါလာခဲ့တာ.....

ရေချိုးခန်းထဲဝင်လာတော့ မှန်ထဲက တစ်ဆင့်မြင်နေရတဲ့ လည်ပင်းတစ်လျှောက်က marking တွေကြောင့် ပြုံးမိပြန်သည်.....

Y O U N G 🍂Where stories live. Discover now