Wendy သူမရှေ့က ခေါင်းမဖော်နိုင်အောင် မူးနေတဲ့ joohyun ကိုကြည့်ကာ မနိုင်ဘူးဟူသည့် သဘောဖြင့် ခေါင်းခါမိသည်။
"ဒီလောက်နှစ်တွေကြာတာတောင် သူက ငါ့ကို ဘာလို့ မဖွင့်ပြောရသေးတာလဲ...ဟမ် wendy ya..."
"နင်ကသူ့ကြိုက်တာလား သူက နင့်ကြိုက်တာလား"
အဖြေသိနေတဲ့ မေးခွန်းကို မေးငေါ့၍ wendy မေးမိသည်။ တကယ်တော့ joohyun သည် သူကြိုက်နေတဲ့ အူကြောင်ကြောင် seulgi ဆိုတဲ့ သူထက်တောင် ပိုအူတူတူဖြစ်နေသည်ဆိုတာ မသိဘူးလား။
ဘယ့်နှယ်..ကိုယ်ကကြိုက်သည်ဆိုရင်လည်း ကိုယ်ကဖွင့်ပြောရမည်မလား။ အဲ့တာကို ဟိုတစ်ယောက်သူ့ကိုဖွင့်ပြောလာအောင် နှစ်တွေအများကြီးစောင့်နေသည်တဲ့။ ဘယ်လောက်တောင် ရူးတဲ့ joohyun သည်လဲ။
"ကျောင်းတက်နေတုန်းက ငါစိတ်ကစားတာဖြစ်မှာပါဆိုပြီးစောင့်နေခဲ့တာ တစ်ချိန်ချိန် အဲ့လိုလူထက် ပိုကောင်းတဲ့ကောင်လေးနဲ့တွေ့မှာပါဆိုပြီး ဒါပေမယ့် နှစ်တွေသာကြာကြာလာတယ် ငါသူ့ကို ချစ်နေတုန်းဘဲ wendy ရာ..."
တကယ်ပါ သနားလည်း သနားပါတယ်။ စားပွဲပေါ်က ဖုန်းဝင်လာသဖြင့် မူးရူးနေတဲ့ joohyun ကို ထားခဲ့ကာ အတန်ငယ်ဝေးတဲ့ နေရာကို ထွက်လာခ့ဲသည်။
"Wendy လား? ငါ seulgi ပါ.."
တစ်ဖက်က လူဟာjoohyun အသည်းလေးဖြစ်သည်။ဟိုတစ်လောက ဆုံဖြစ်၍ သူ့ဖုန်းနံပါတ်ကိုseulgi သိနေခြင်းဖြစ်မည်ဟုwendy ကောက်ချက်ချလိုက်သည်။
"အင်း seulgi. ဘာကိစ္စလဲ"
ဒီတစ်ယောက် ဖုန်းဆက်ရသည့်အကြောင်းဟာ joohyun ဘယ်မှာရှိနေလဲ ဆိုတာကလွဲ ဘာမှမဖြစ်နိုင်ပေမယ့် wendy သေချာကိုမေးလိုက်ခြင်းဖြစ်သည်။
"ဟို..joohyun နင်နဲ့အတူရှိနေလား သူအခုထိ အိမ်ပြန်မရောက်သေးလို့"
"အေး ငါ့ဘေးမှာရှိတယ် သူအခု အရမ်းမူးနေလို့ နင်လာခေါ်မှဖြစ်မယ် လိပ်စာကို ငါပို့ပေးလိုက်မှာမို့ မြန်မြန်လာခဲ့ seulgi"
Wendy လည်း ဖုန်းချပြီးတာနဲ့သူမတို့ရောက်နေတဲ့ နေရာကို seulgi ဆီပို့ပေးလိုက်သည်။