."နင် မို့လို့ လုပ်ရက်တယ် Liam က ငါ့အတွက် ဘယ်လိုလူဆိုတာသိရက်နဲ့"
မျက်ဝန်း ၌ ဝေ့ဝဲနေသော မျက်ရည်တွေနဲ့ Young ကို သူမမြင်ခဲ့ချင်တာ တကယ်ပါ ။အထူးသဖြင့် အဲ့မျက်ဝန်းတွေကို ဖန်တီးခဲ့သူဟာ သူမဖြစ်နေမယ် ဆိုရင် ပိုပြီးတော့ပေါ့။
ပြေးထွက်သွားသော Young နောက် လိုက်ခဲ့မိသည်..
အနည်းဆုံးတော့ သူမတောင်းပန်ရမည်မလား ..တောင်းပန်ပါတယ် တောင်းပန်ပါတယ် Young ရယ်
ဆိုင်တံခါးကို ဆွဲဖွင့်လိုက်တော့ အေးစက်သော လေထုက သူ့ကိုဆီးကြိုလာသည်...
Young သူ့အပေါ် ကြည့်နေတဲ့ မျက်ဝန်းတွေလောက်တော့ မအေးစက်ပါ.....
ဆိုင်ရှေ့သို့ တောင် ရောက်နေပြီဖြစ်သော Young ရဲ့ လက်ကိုဆွဲကာ သူ့ဘက်လှည့်စေပြီး...
"ငါ တောင်းပန်ပါတယ် ငါ ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်ခဲ့တာမဟုတ်ဘူး "
သူ့မျက်လုံးထဲ၌ ပေါ်နေသော ထိုအမျိုးသမီးသည် သူချစ်ရသူကို ဒုက္ခရောက်အောင် လုပ်ခဲ့သော သူရှေ့၌ သူချစ်ရသူကို ဘယ်လောက်တောင် ချစ်မြတ်နိုးပါကြောင်းကို မျက်ဝန်းတွေက သက်သေပြနေသယောင်ယောင်..
ဖြန်း.....
ဘေးဘက်ကို လည်ထွက်သွားသော ပါးပြင်နဲ့ အတူ သူမ စိတ်အစုံဟာလည်း ဟိုအဝေးသို့....
နီရဲသွားသော ပါးပြင်က နာကျင်မှုထက် မျက်ရည်တစ်စက်က စီးကျလာသည်...
လှိုက်ခနဲ တက်လာတဲ့ ဝမ်းနည်းမှုက သူမကို အဝေးဆုံးကို ထွက်သွားဖို့ရာ အကြောင်းပြချက် ကောင်းတစ်ခုအဖြစ်ရှိနေပေးသည်....
"နင်ဖြစ်စေချင်သလိုမျိုး ဘယ်တော့မှဖြစ်လာမှာ မဟုတ်ဘူး... "
ဟင့်အင်း ဆက်မပြောပါနဲ့တော့လား Young ရာ...
ငါတောင်းပန်ပါတယ်...နီရဲနေသော မျက်ဝန်းတွေက ထိုကောင်မလေး ငိုချင်နေကြောင်းကို သက်သေပြနေသည်ကို အရိပ်တကြည့်ကြည့် ကြည့်လာခဲ့တဲ့ သူမအသိဆုံး။
နင်အရမ်း ဟန်ဆောင် ကောင်းလာတယ် Young ရာ...
ဒါမှမဟုတ် ငါ့အတွက် နင် မျက်ရည်တောင် မကျချင်တော့တာလား...