လမ်းမကြီးဘေးက ပလက်ဖောင်းပေါ်ကနေ လူအုပ်ကြားတွေထဲ အတင်းတိုးဝှေ့ကာ ပြေးလာသော ဆယ်ကျော်သက်အရွယ် ကောင်မလေးတစ်ယောက်။
တိုက်ခတ်လာတဲ့လေကြောင့် သူ့ဆံပင်တွေက လွင့်ပျံနေကာ မျက်နှာကိုပါ လာရောက် ဖုံးအုပ်နေလေသည်
သို့သော်လည်းထိုကောင်မလေးဟာ ထိုအရာတွေကို ဂရုမစိုက်သည့်နှယ်...လမ်းမကြီးကနေ လမ်းသွယ်ဘက်ကို ချိုးဝင်လိုက်တော့ သူမဦးတည်ရာဟာ သိပ်မဝေးတော့ .
နှစ်ထပ် တိုက်အိမ်လေးရှေ့ရောက်တော့ မှအရှိန်လျှော့ရင်းအမောဖြေရသည် ။
"Young.."
အော်နိုင်သမျှအသံကုန်ထုတ်ကာ အော်လိုက်သော်လည်း တံခါးကပွင့်မလာ။
Bell တီးကာ လူကလည်း Young ဟူသော အမည်နာမကို အကြိမ်ကြိမ်အော်ခေါ်လျက်။
ခနေနေတာ့ တံခါးပွင့်လာကာ အိမ်ထဲမှ young ဟာ အူယားဖားယားပြေးထွက်လာလေရဲ့ ..
"ရခဲ့လား...ရခဲ့လားလို့ yeon မြန်မြန်ပြောစမ်းပါ ငါမစောင့်နိုင်တော့ဘူး"
အရမ်းသိချင်နေသော Young ကို ကြည့်ကာရီချင်လာသည် သို့သော် သူမအခြေအနေက အခု စကားပြောနိုင်သည့်အခြေအနေမဟုတ်။
အသက်ဝဝနှစ်ခါလောက်ရှူပြီးမှ လက်တစ်ဖက်ကိုမြှောက်ပြလိုက်သည်။
လက်ချောင်းကြားက လက်မှတ်နှစ်စောင်ဟာ Young ရဲ့ပျော်ရွှင်မှုအရင်းခံ။
တစ်ယောက်ကိုတစ်ယောက်ဖက်ကာ နှစ်ယောက်သားအော်ရင်း အောင်ပွဲခံနေကြသည်။
Young အရမ်းကြိုက်တဲ့ စာရေးဆရာမက သူမတို့နားက mall မှာ လက်မှတ်ထိုးပွဲလာရောက်လုပ်သော်လည်း လူဦးရေ အကန့်အသက်နဲ့မို့ yeon တစ်ယောက် မနက်စောစောကတည်းက လက်မှတ်ရရန် ကြိုးစားခဲ့ရသည်။
အစက Young ပါ အတူလိုက်ဖို့ရည်ရွယ်ထားပေမယ့် တိုက်တိုက်ဆိုင်ဆိုင် Young အဖေနဲ့ သွားစရာတစ်ခုရှိနေသဖြင့် မလိုက်ဖြစ်။ ထို့ကြောင့် သူမ တစ်ယောက်တည်းသာ ထိုလက်မှတ်ရရန် သွားခဲ့ရခြင်းဖြစ်သည်။
"မနက်ဖြန် နေ့လည်နော် မေ့မနေနဲ့ငါလာခေါ်မယ်"
သူမရှေ့ကYoung ကတော့ သူမကိုဖက်နေရင်းကနေ ခေါင်းညိတ်ပြလေရဲ့....