Page-28

525 81 12
                                    

Young

ညနက်တွေထဲ အိပ်မက်ဆိုးတွေရဲ့ခြောက်လှန့်မှုကြောင့် နိုးထလာရသည်။

ဖောက်ပြန်တာ....အိပ်မက်ထဲက Liam အသံဟာ လက်တွေ့ထဲထိပါ ခြောက်လှန့်နေသည်။

သူမက တကယ်ဖောက်ပြန်နေတာလား.....

ဒါအမှန်တရားဘဲလေ....yeon အပေါ်ကို ထားမိတဲ့ခံစားချက်တွေဟာ ဘယ်နတ်ဘုရားမှကောင်းချီးပေးမှာမဟုတ်တဲ့ခံစားချက်တွေလေ....

သူမ ဖောက်ပြန်နေတာအမှန်တရားတစ်ခုလား....
ဒါမှမဟုတ် yeon ကို မထိခိုက်စေလိုခြင်းသက်သက်ဘဲလား။

ဒါဆို Liam ကရော

တစ်ဖက်က လူကဖောက်ပြန်နေတာတောင် နေ့ရက်တွေကို အေးဆေးဖြတ်သန်းနေ နိုင်ပေမယ့် သူမက ဘာကြောင့်......

အဖေဖြစ်သူရော အမေဖြစ်သူကပါ မလုပ်သင့်တဲ့ အမှားတွေကို လုပ်ထားတာဆိုရင်....

Hannie ဘဝမှာ ဘယ်လောက်ထိ ထိခိုက်နိုင်သလဲ...

ရေအေးအေးတွေက လည်ချောင်းထဲကတစ်ဆင့် ပူလောင်နေတဲ့ ရင်ထဲက အပူတွေကို အနည်းငယ် ငြိမ်းသတ်ပေးသည်။

နာရီကိုကြည့်မိတော့ မနက် သုံးနာရီခွဲ....

အိပ်ချင်စိတ်လည်း မရှိသဖြင့် အပေါ်ရောက်တော့ ဝရန်တာဘက် ထွက်လာခဲ့လိုက်သည်။

အေးစက်တဲ့လေတွေက သူမ မျက်နှာကို ဖြတ်တိုက်လာမှုကို အရသာ ခံနေမိသည်။

သဘာဝတရားက မြတ်နိုးစရာကောင်းသည်ကို သူမ လက်ခံလာသည်။

ပန်းတွေဟာလည်း အရောင် အနဲ့ ထက် ပိုပြီး အဓိပ္ပါယ်ရှိလာမှန်းလည်း လက်ခံလာသည်။

စိတ်ထဲမှာတော့ လေးပင်မှုတွေက ရှိနေသေးသည်။

ဆုံးဖြတ်စရာတွေရှိလာတိုင်းသူမဟာ Liam ဘက်ကိုဘဲ စုံမှိတ် ရွေးချယ်ခဲ့တာ....

အရာအားလုံးနဲ့ယှဉ်တိုင်း သူမပျော်ဖို့သာ ပေးဆပ်ခဲ့သူကို မြင်တွေ့လာတဲ့ အခါ....အရင်ကလို စုံမှိတ်ရွေးချယ်ရခြင်းက ကလေးဆန်လွန်းလာသည်။

တစ်ဖက်က မိသားစု...တစ်ဖက်က နွေးထွေးမှု..နဲ့ချစ်ခြင်းမေတ္တာ....

Y O U N G 🍂Where stories live. Discover now