Page-17

629 73 5
                                    



ဒီရက်ပိုင်းအတွင်း yeon လည်း company အလုပ်တွေရော yoona ရဲ့ ညီမေလး ကိစ္စတွေရောကြောင့် မအားမလပ်နိုင်....

Seulgi ကတော့ အမြဲတမ်းလိုလို ဆေးရုံမှာနေ၍ လူနာစောင့်သည် လူနာစောင့်သည်ဆိုသော်ငြားလည်း လူနာအား ဂရုစိုက်နေသည်မဟုတ် သူ့laptop နဲ့ သူအလုပ်ရှုပ်နေခြင်းသာ.....

ထိုင်ခုံတွင် အတော်ကြာ ထိုင်ခဲ့သဖြင့် မျက်လုံးတွေလည်း ကျိန်းစပ်နေသလို လူကလည်းညောင်းလာသဖြင့် ထကာ company အောက်ထပ်က coffee bar ကို အညောင်းပြေ ထွက်လာခဲ့သည်.......

" နင်သိတဲ့ အတိုင်း ငါ့မိဘ တွေက နိုင်ငံရေးသမားတွေ။ရွေးကောက်ပွဲလည်း နီးနေတဲ့ အချိန် သူတို့အတွက် ဘာမှ ထိခိုက်လို့မဖြစ်တဲ့ အခြေအနေမှာ ငါက accident ဖြစ်တော့ ငါ့အဖေက ဒီကိစ္စကို ဖုံးထားလိုက်ချင်တယ်.. လူသိမခံချင်ဘူး။ဒါပေမယ့် တခြားသူလည်းမဟုတ် Yoona ညီမလေဟာ ငါဘယ်လို မျက်ကွယ်ပြုနိုင်မှာလဲ တခြားသူဆိုရင်လည်း ငါဒီလိုဘဲ ဆုံးဖြတ်မိမှာဆိုပေမယ့်  ။အဲ့တာနဲ့ ငါ အဖေနဲ့ ပြဿနာတက်ပြီး ဆင်းလာခဲ့တာ။အိမ်ပေါ်က ဆင်းလာခဲ့တော့လည်း Yoona ဆီဘဲ သွားမိတယ်။ငါဖြစ်စေချင်တာ တစ်ယောက်တည်းဖြစ်နေမယ့် အစား သူ့ဘေးမှာ အဖော်တစ်ယောက်အနေနဲ့ မိသားစု၀င်တစ်ယောက် အနေနဲ့ ရှိနေပေးချင်ခဲ့တာ အဲ့လိုလုပ်မှလဲ ငါ့ကိုယ်ငါခွင့်လွှတ်နိုင်မှာမလို့"

လွန်ခဲ့တဲ့ ရက်အနည်းငယ်က yuri ပြောခဲ့သော စကားများကို ပြန်လည်ကြားယောင်လာရင်း အတွေး ထဲ နစ်နေမိသည်...

Yoona သာ သူ့ညီမကို ဒီပုံစံအတိုင်း မြင်ခဲ့ရင်...
Yuri အတွက်လည်းမကောင်းသလို..

ဒါပေမယ့်....

ဒီက‌လေး ဟာ ဘယ်အချိန်မှ ပြန်လည်နိုးထလာမှာလဲ...

အချိန်အကြာကြီးကွဲနေခဲ့ရတဲ့ ညီမဖြစ်သူနဲ့ တစ်စက္ကန့်ဆို တစ်စက္ကန့် ပိုပြီးနီးနီးကပ်ကပ် မြန်မြန် နေချင် သော yoona,ရဲ့စိတ်ကိုလည်း နားလည်သဖြင့်...ဒီကိစ္စကို အသိ လည်း ပေးချင်သည်...

သူမလည်း သိပ်မကြာခင်မှာဘဲ အလုပ်ကိစ္စပြီး၍ ပြန်ရတော့မည်ဖြစ်သဖြင့် ကိစ္စအားလုံးကို အဆုံး သတ်ပေးခဲ့ချင်သည်...

Y O U N G 🍂Where stories live. Discover now