Page-26

496 84 16
                                    


Young

အခန်းတံခါးကို ပိတ်ပြီးပြီးချင်း တံခါး ၌ ကျောကပ်ကာ ဖြစ်ပျက်သမျှကို လက်ခံနိုင်အောင် တွေးနေမိသည်။

လက်ဖဝါးကိုကြည့်လိုက်တော့ Liam ကိုရိုက်ခဲ့သည့်လက်ဟာ နီရဲနေသည်။

သူမဘာတွေလုပ်ခဲ့မိတာလဲ.......

ကျလာတဲ့မျက်ရည်တွေဟာ အထိန်းအကွပ်မဲ့

သူမဘာတွေလုပ်ခဲ့မိတာလဲ...ဒုတိယ အကြိမ် နောက် တတိယအကြိမ်.  အကြိမ်ပေါင်းများစွာစဉ်းစားတာတောင် ခေါင်းထဲက ဘာမှ ထွက်မလာ....

ဘာကြောင့် Liam ကို ရိုက်ခဲ့မိတာလဲ ဆိုတာထက် ဘာကြောင့် Liam ကို ဒေါသထွက်ရတာလဲ ဆိုတာပိုသိချင်သည်၊...

Liam yeon ကို လက်ရွယ်လိုက်တဲ့ အချိန်....

နှစ်ပေါင်းများစွာ သည်းခံလာတဲ့ သူမ ပထမဆုံး အကြိမ် Liam ကို ဒေါသထွက်ရုံသာမက ကိုယ်ထိလက်ရောက်ပါ ပြုမူခဲ့သည်...

ဘာကြောင့်လဲ. ..yeon ဟာ သူမ အတွက် အဲ့လောက်တောင် အရေးကြီးတဲ့ လူလား....

ဘာကြောင့်လဲ.....

"Mommy..."

ကုတင်ပေါ်က hannie အသံကြားမှ မျက်ရည်တွေ အမြန်သုတ်ကာ ကုတင်ပေါ် ထိုင်လိုက်သည်။

Hannie ကို ပွေ့ဖက်ရင်း..

"Hannie လေးနိုးလာတာလား..mommy ပြန်ချော့သိပ်မယ်နော်.."

"Nae.... mommy"

မျက်လုံးတွေကို အိပ်ချင်မူးတူးပွတ်ကာ သူမကိုအဖြေ
ပြန်ပေးရင်း hannie သည် သူမ ချော့သိပ်မှု အောက်မှာပင် နောက်တစ်ကြိမ်ပြန်လည် အိပ်မောကျသွားသည်။

အဲ့တော့မှ သူမလည်း ထကာ ရေချိုးခန်းထဲ ဝင်လာလိုက်သည်။..........

ရေကိုဖွင့်ချကာ ရေအေးအေးများကို သူမ မျက်နှာပေါ် ပွတ်သပ်ရင်း... ဖြစ်ပျက်ခဲ့သမျှကို လက်ခံနိုင်ရန်ကြိုးစား
မိသည်။

ရေစက်တွေက ဆံသားစပ်တွေမှ နောက်တစ်ဖန်စီးဆင်းလာသည်....

ဘာလို့လဲ.....ဘာကြောင့်....

မျက်နှာသုတ်ပုဝါနှင့် မျက်နှာကို ဖြည်းညင်းစွာသုတ်ရင်း အခန်းထဲ ပြန်ဝင်လာတော့ စားပွဲပေါ်က စာအုပ်တစ်အုပ်ကို အကြည့်ရောက်သွားသည်...

Y O U N G 🍂Where stories live. Discover now