ထမင်းစားနေတုန်းမှာ မမက ပန်းမြတ်ကို
ဦးတည်ပြီး စကားသိပ်မပြောပဲ ပန်းမြတ်မေးတာတွေကို
ပြန်ဖြေတာလောက်ပဲ လုပ်တာမို့ ပန်းမြတ်ဘာမှ
သိပ်မပြောရဲတော့ပဲ အသာလေးငြိမ်နေရသည်။
ထမင်းစားပြီးမှ အတိုးချပြီးစကားပြောမယ် ကြံတော့လည်း မမက Meetingအတွက် ပြင်စရာရှိတယ်ဆိုပြီး
အပေါ်ပြန်တက်သွားတာမို့ ပန်းမြတ် ဟာတာတာကြီး
ကျန်ခဲ့ရသည်။ မမက ရုပ်တည်လိုက်တာ ... ရုပ်တည်ပေမယ့်
မမကတော်တော်လေးကိုလှသည်။ အရပ်ကလည်း
တော်တော်လေးကို မြင့်တာမို့ ပန်းမြတ်သာ
မမနားသွားရပ်လိုက်မယ်ဆို ပခုံးနားတင်
ပျောက်နေမည်မှာ သေချာသည်။ အိမ်နေရင်း တီရှပ်
ခဲရောင်ပြောင်တစ်ထည်နဲ့ style pants အပွတစ်ထည်ကိုသာ
ဝတ်ထားပေမယ့် မမကတော်တော်လေးကို
ကြည့်ကောင်းသည်။ ပုံတွေထဲမှာ Business Woman ပုံစံနဲ့
မြင်ဖူးတုန်းကလည်း ကြည့်ကောင်းသလို အခုလိုပုံစံကလည်း
တစ်မျိုးလှနေပြန်သည်။ နှာတံသွယ်သွယ် ထူထဲသော
မျက်ခုံးနှင့်အတူ အနက်ရောင်ဆံပင်ရှည်ကြီးနဲ့မမဟာ
မိန်းကလေးချင်း ငေးယူရလောက်တဲ့အထိကိုလှလွန်းသည်။
မမသာ Modelတို့ မင်းသမီးတို့လုပ်မယ်ဆို အရမ်းကို
အောင်မြင်မှာပဲလို့တောင် ပန်းမြတ်တွေးမိသည်။ မမကို
စကားတော်တော်လေးပြောချင်သေးတာမို့ မမအခန်း
သွားချင်ပေမယ့်လည်း စိတ်ကမရဲ ... နောက်တော့
မနေနိုင်တော့တာမို့ သင်တန်းကအိမ်စာတွေလုပ်ပြီးတော့
မမအခန်းကိုတန်းသွားမိသည်။ ဘာလို့လာတာလဲလို့
မမမေးရင် အခန်းရှင်းထားတာ သဘောကျလား
လာမေးတာလို့ပြောရန်အကြံထုတ်ထားသည်။
💟💟💟
'ဒေါက် ... ဒေါက်'
'ဝင်ခဲ့ပါ'
'ဪ'
ဧကရီအလုပ်တွေအပြီးသတ်ပြီးလို့ power pointတွေ
ပြန်စစ်နေတုန်းမှာ အခန်းတံခါးခေါက်သံကြားလို့
အထဲဝင်ခဲ့ဖို့ခေါ်လိုက်တော့ ပန်းမြတ်ဖြူကျော်ဖြစ်နေသည်။
'မမ ပန်းမြတ်ဝင်ခဲ့ပြီနော်'
'မမ သောက်ချင်မလားလို့'
စားပွဲပေါ်လာချပေးတာကို ကြည့်လိုက်တော့ နွားနို့
ဖန်ခွက်လေးတစ်ခွက် ...
ВЫ ЧИТАЕТЕ
Nothing Gonna Change (ပြောင်းလဲမရသော)
Любовные романыNothing gonna change my love for you ❤️
