Part 21

6.2K 452 0
                                        

'ကလေး ... အချိန်ရရင်ခဏလောက်စကားပြောလို့ရလား'

ပန်းမြတ်သင်တန်းပြီးလို့ထွက်လာတော့ ရှေ့မှာ
စောင့်နေသည့်ကိုကောင်းခန့်ကိုတွေ့လိုက်ရသည်။

'ဘာပြောစရာရှိသေးလို့လဲအစ်ကို ... ပြီးတော့
ညီမ မအားဘူး အိမ်စောစောပြန်ရမှာ'

'ခဏလေးပါ ... ကိုယ်ပြီးရင် အိမ်ပြန်လိုက်ပို့ပေးမယ်လေ'

'ညီမတကယ်မအားလို့ပါ'

ပန်းမြတ် ဒီအခြေအနေကနေ ဘယ်လိုရှောင်ထွက်ရမလဲ ...
ခဏနေရင် ဧကရီကရောက်လာတော့မှာ ...
ဒီနေ့လာကြိုမယ်လို့ဧကရီပြောထားတာ ...
ဧကရီရောက်လာလို့ ကိုကောင်းခန့်နဲ့စကားပြောနေတာ
မြင်ရင် အထင်လွဲသွားနိုင်သည်။

'ပြောစရာရှိရင် နောက်မှဖုန်းဆက်လိုက်ပါအစ်ကို
ညီမအခုတကယ်မအားလို့ပါ ... ညီမကိုခွင့်ပြုပါဦး'

ပန်းမြတ်စကားအမြန်ဖြတ်ရင်း ကားမှတ်တိုင်ရှိရာဘက်ကို
ခြေလှမ်းလိုက်သည်။ မတတ်နိုင် ... ကိုကောင်းခန့်
ပြန်သွားတာသေချာပြီဆိုမှ ပြန်လှည့်လာတော့မည်။

'ကိုယ်ဒီညဖုန်းဆက်လိုက်မယ်နော်'

အော်ပြောလိုက်တာကိုကြားပေမယ့်
လှည့်မကြည့်ဖြစ်တော့ ...။ ဘာလို့များ ဒီလိုတွေ
အနှောင့်အယှက်ပေးနေရတာလဲ ...။ သင်တန်းနဲ့
ခပ်လှမ်းလှမ်းက လမ်းထောင့်မှာရပ်ထားတဲ့
ကားတစ်စီးကိုတော့ ပန်းမြတ်ရော ကောင်းခန့်ပါ
သတိမထားခဲ့မိကြ ...။

💟💟💟

'တီ ... တီ'

အဆက်မပြတ်ထွက်လာတဲ့ ဖုန်း Vibrateသံကြောင့်
ဧကရီရှာကြည့်လိုက်တော့ စားပွဲပေါ်တင်ထားတဲ့
ပန်းမြတ်ဖြူကျော်ဖုန်းဆီကဖြစ်နေသည်။ ဖုန်းခေါ်တဲ့သူကို
ကြည့်လိုက်တော့ ကိုကောင်းခန့် ... ဧကရီကိုင်မယ်လုပ်ပြီးမှ
တစ်ခုခုကိုစဉ်းစားမိပြီး မကိုင်ပဲပြန်ချထားလိုက်သည်။
ဖုန်းကတော့ မြည်နေဆဲ ...။

'ဒါကဘာသဘောလဲ'

ခဏနေတော့ ရေချိုးခန်းထဲက ပန်းဖြတ်ဖြူကျော်
ထွက်လာသည်။ ဧကရီ ဟန်မပျက် စာအုပ်ဖတ်နေရင်း
ဘာမှမသိသလိုနေလိုက်သည်။ ရပ်သွားတဲ့ဖုန်းက
နောက်တစ်ခေါက်ထပ်မြည်လာတော့
ဖုန်းတင်ထားတဲ့ စားပွဲဘက်ကို ပန်းမြတ်ဖြူကျော် မသိမသာ
လှမ်းကြည့်လိုက်တာကို ဧကရီမြင်လိုက်ရသည်။

Nothing Gonna Change (ပြောင်းလဲမရသော)Where stories live. Discover now