Part 13

6.1K 434 4
                                        

'God !!! She looks so pretty'

ဧကရီ တီးတိုးရေရွတ်မိသွားသည်။
ပန်းမြတ်ဖြူကျော်တစ်ယောက် ဧကရီကိုယ်တိုင်
ရွေးပေးထားတဲ့ အဖြူရောင်ဂါဝန်လေးနဲ့တော်တော်လေးကို
ကြည့်လို့လှနေသည်။ သွားဝယ်တဲ့နေ့က မိတ်ကပ်မပါ
ဘာမပါမို့ သိပ်မသိသာပေမယ့် ဒီနေ့တော့ မိတ်ကပ်ပါ
ပြင်ထားတာမို့ တော်တော်ကိုကြည့်လို့လှနေသည်။
ဒါတောင်အစက မိတ်ကပ်ကို သူ့ဟာသူ
ဖြစ်သလိုပြင်ထားတာမို့ ကုမ္ပဏီက ဧည့်ခံမယ့်ဝန်ထမ်းတွေကို
ပြင်ပေးဖို့ခေါ်ထားတဲ့ အလှပြင်ဆရာမတွေဆီ
အတင်းတွန်းပို့ရသေးသည်။ အပြည့်အစုံပြင်ဆင်ပြီးသည့်
နောက်မှာတော့ ပိုးဟပ်ဖြူကျော်တစ်ယောက်
Fairy Godmotherရဲ့ မှော်ဆေးတံနဲ့ထိလိုက်သည့်အလား
အရမ်းကိုလှသွားလေသည်။

'ခြေထောက်ကနည်းနည်းနာနေတယ်'

'မင်းဒေါက်ဖိနပ်ပါးပါးလေးပါ မင်းပဲ Heelမစီးနိုင်ဘူးဆိုလို့
Block ဒေါက်အပါးလေးယူလာတာကို'

'ပန်းမြတ်က Slipperပဲစီးနေကျမို့ သိပ်မနေတတ်ဘူး
ဖြစ်နေတာ အင်္ကျီကလည်း နည်းနည်းကြပ်သလိုပဲနော်
ဟို ... Braမပါတော့ ဝတ်ရတာတစ်မျိုးကြီး'

Designerလောင်းလျာ၏ Blockဒေါက်စီးရခြင်းနှင့်
Party Dressဝတ်ရခြင်းကို ညည်းညူနေပုံကိုမြင်တော့
ဧကရီရယ်ချင်သွားသည်။

'မင်းက Designerလုပ်မယ်ဆိုပြီး ဒါမျိုးတွေကိုယ်တိုင်
မဝတ်တတ်တော့ဘယ်လိုလုပ်မှာလဲ'

'ကိုယ်တိုင်ဝတ်တတ်ဖို့မလိုပါဘူးဧကရီရယ် ယောက်ျားလေး
Designerတွေလည်း ကိုယ်တိုင်ဝတ်ကြည့်နေတာမှ
မဟုတ်တာကို'

စကားကတော့တတ်လွန်းသည်။ တကယ်တမ်းက
Designerမလုပ်ပဲ မြန်မာစာဆရာမဖြစ်ဖြစ် ရှေ့နေဖြစ်ဖြစ်
လုပ်ရမှာ ...

'ဧကရီ အဝတ်မလဲတော့ဘူးလား'

'လဲပြီးပြီလေ'

'ဧကရီကျ ရိုးရိုး suitနဲ့'

'Suitမဟုတ်ပါဘူး ဒီမှာ crystalတွေအများကြီးကပ်ထားတာ
မတွေ့ဘူးလား'

'Dressမှမဟုတ်ပဲ ... ပုံမှန်ဧကရီဝတ်နေကျနဲ့ဘာမှတောင်
မကွာဘူး Jumpsuitဖြစ်သွားတာတစ်ခုပဲ ... ဒါပေမယ့်
ဧကရီနဲ့တော့လိုက်တယ် Coatကအဖြူဆိုတော့
ပန်းမြတ်နဲ့ဆင်တူပဲ'

Nothing Gonna Change (ပြောင်းလဲမရသော)Where stories live. Discover now