Extra

11.6K 536 27
                                        

ပင်လယ်ထက်မှ နေမင်းအလင်းရောင်
တောက်ပစပြုနေပြီဖြစ်သည်။ နာရီကိုကြည့်လိုက်တော့
ရှစ်နာရီတိတိ ... ခပ်စူးစူးနေရောင်ခြည်က
ပြတင်းပေါက်မှတစ်ဆင့် အခန်းထဲကိုဝင်ရောက်လာပြီး
အပူအပင်ကင်းစွာအိပ်ပျော်နေ၏ မျက်နှာပေါ်ကို
ကျရောက်လာသည်။ အိပ်နေသူကိုကြည့်လိုက်တော့
မျက်နှာကိုနေထိုးတာကို သိသည်ထင် ... မျက်စိမဖွင့်ပဲ
ဘေးနားကခေါင်းအုံးကိုဆွဲယူပြီး နေရောင်ကို
အကာအကွယ်ယူနေသည်။

'ဟိတ် ... အိပ်ပုတ် ထတော့'

'အွန့် ... ငါးမိနစ်'

အိပ်နေရင်းကလက်ငါးချောင်းထောင်ပြသည်။

'မရဘူး ... မနေ့ကလည်းငါးမိနစ်ဆိုပြီး တစ်နာရီလောက်
ကြာတယ်'

ပင်လယ်ကမ်းခြေကို နှစ်ယောက်တည်းခရီးအတူထွက်လာတဲ့
နေ့တွေက သူအိပ်နေတာနဲ့ပဲ ဘာမှမလုပ်ရဖြစ်နေသည်။
ခရီးပန်းလို့အိပ်ရတာနဲ့ ... နေ့ခင်းနေပူလို့အိပ်ရတာနဲ့
မနက်အိပ်ရာမထချင်ရတာနဲ့ ... ညဘက်စောစော
အိပ်ချင်ရတာနဲ့ ... နေထွက်ချိန်ကြည့်ဖို့မပြောနဲ့ နေ့လည်စာ
စားဖို့တောင် မနည်းနှိုးနေရသည်။ အခုလည်း နှိုးနေတာကို
မထသေးပဲ ...

'တကယ် ငါးမိနစ်ပဲလို့'

'ထမှာလား ... မထဘူးလား'

'ငါးမိနစ် ... အား ဧကရီ ... ယားတယ်လို့'

ပါးစပ်ကယားတယ်အော်နေပြီး မျက်လုံးကိုအခုထိ
ဖွင့်မလာ ...

'ပိုးဟပ်ဖြူကျော် ... ထမှာလား မထဘူးလား
Sunrise ကြည့်ချင်တယ်ဆိုပြီး Sunset ချိန်မှထမှာလား'

'အား ... အဲဒီနာမည်မခေါ်ပါနဲ့ဆို'

နောက်ဆုံးလက်နက်ထုတ်သုံးလိုက်တော့ ချက်ချင်းကို
အိပ်နေရာက ငေါက်ခနဲထ,ထိုင်လာသည်။ ရှုပ်ပွနေတဲ့
ဆံပင်တွေနဲ့ ညအိပ်ဝတ်စုံအဖြူရောင်ဂါဝန်အပွနဲ့
မျက်လုံးကိုသေချာမဖွင့်ပဲ နှုတ်ခမ်းစူပြီး
ငုတ်တုတ်ထိုင်နေတဲ့ပုံစံကြောင့် ဧကရီဘယ်လိုမှ
မထိန်းနိုင်ပဲ အားရပါးရထ,ရယ်လိုက်မိသည်။

'ခွီး'

'ဘာလဲ ... ဘာရယ်တာလဲ'

မျက်စောင်းပါထိုးလိုက်တော့ ပိုပြီးရယ်ရသွားသည်။
ဓာတ်ပုံရိုက်ပြီး လိုင်းပေါ်တင်လိုက်ရင် နာမည်ကြီးဦးမယ် ...

Nothing Gonna Change (ပြောင်းလဲမရသော)Where stories live. Discover now