'အားတော့နာပါတယ်ဖေဖေ ... သမီးကိုကောင်းခန့်ကို
မချစ်လို့ပါ'
'သမီးမှာတခြားချစ်ရမယ့်သူရှိလို့လား'
'အဲ့လိုမဟုတ်ပေမယ့် ...
'ဖေဖေကမေးကြည့်တာပါ ... သမီးမှာချစ်ရတဲ့သူရှိရင်လည်း
ဖေဖေက ဘာမှမဖြစ်ဘူး ... သဘောတူသင့်တဲ့သူဆိုရင်
ဖေဖေကန့်ကွက်မှာမဟုတ်ဘူး ... သမီးမေမေလည်း
အတူတူပဲ ... လူကြီးချင်းမျက်နှာပျက်ရမှာစိုးလို့ဆိုပြီး
သမီးသဘောမတူတဲ့ကိစ္စကိုဖေဖေတို့ဘယ်တော့မှ
မစီစဉ်ဘူး ... သမီးကိုဖေဖေ
မွေးခဲ့တာမဟုတ်ပေမေယ့် သမီးကိုချစ်တာ သမီးအစ်မထက်
မပိုရင်တောင် မလျော့ပါဘူးသမီးရယ်'
'ကျေးဇူးတင်ပါတယ်ဖေဖေ ... ပြီးတော့ ဖေဖေတို့သဘောကို
ငြင်းမိလို့လည်းတောင်းပန်ပါတယ်'
'မိဘနဲ့သားသမီးကြားမှာ တောင်းပန်တယ်ဆိုတဲ့စကား
မလိုပါဘူးသမီးရယ် ... ကဲ ... သမီးနားရင်နားတော့လေ'
'ဟုတ်ဖေဖေ ... မေမေ သမီးအပေါ်တက်ပြီနော်'
ကိုကောင်းခန့်ဘက်က လက်လျော့ပုံမရပဲ
မိဘတွေကတစ်ဆင့်တောင်းဆိုပုံရသည်။ လူကြီးအချင်းချင်း
မျက်နှာပျက်စရာဖြစ်ရမှာ စိတ်မကောင်းပေမယ့်
မချစ်တဲ့သူကိုတော့ ကိုယ့်လက်တွဲဖော်အဖြစ်
ပန်းမြတ်လက်မခံနိုင်ပါ ...။ ပန်းမြတ်ချစ်ရတဲ့သူကလည်း
မပြောင်းလဲနိုင်တဲ့ တစ်ယောက်သောသူပဲရှိတာမို့ ...။
💟💟💟
အိမ်ရောက်ရောက်ချင်းကြားလိုက်ရတဲ့စကားက
ဧကရီ့ဒေါသတွေကိုနှိုးထပေးလိုက်သလိုပင် ...။
ကိုကောင်းခန့်မိဘတွေက အိမ်ထိပါ
လိုက်လာတယ်တဲ့လား ... ငြင်းလိုက်တယ်ဆိုပေမယ့်
ကိုကောင်းခန့်ကလွယ်လွယ်နဲ့လက်လျော့မှာမဟုတ်တာ
ဧကရီသိနေသည်။ ဘာဆက်လုပ်ရမလဲ ...
စိတ်ရှိတိုင်းသာဆို ပန်းမြတ်ဖြူကျော်ကသူ့ချစ်သူပါလို့
တစ်လောကလုံးကိုဖွင့်ပြောလိုက်ချင်သည်။ ဘယ်သူတွေ
ဘာပြောပြော ဧကရီဂရုမစိုက် ... သို့သော်
ချစ်ရသူကိုတော့ နည်းနည်းမှကိုမထိခိုက်စေချင်တာ
တစ်ခုတည်းကြောင့် ... ကိုယ်တိုင်က
ဘာပဲကြုံရကြုံရခံနိုင်ရည်ရှိပေမယ့် ချစ်ရသူကို
တခြားသူတွေက လက်ညှိုးဝိုင်းထိုးကြမှာကို
မခံနိုင်ခြင်းတို့ကြောင့်သာ အခုလိုနေနေခြင်းသာ ...။
KAMU SEDANG MEMBACA
Nothing Gonna Change (ပြောင်းလဲမရသော)
RomansaNothing gonna change my love for you ❤️
