ခွဲစိတ်ခန်းရှေ့တွင်စိတ်လှုပ်ရှားစွာ
စောင့်နေသူလေးယောက်ရှိနေသည်။
ဦးဘုန်းထိပ်ခေါင်နဲ့ဒေါ်ပန်းဖြူ ... ပြီးတော့
ကောင်းခန့်နဲ့ ဧကရီ့ရဲ့အတွင်းရေးမှူးဖြစ်သူ သင်ဇာ ...။'အဆင်မှပြေကြရဲ့လား'
'အရမ်းမစိုးရိမ်ပါနဲ့အန်တီ ...နှစ်ယောက်လုံးက
အသက်ငယ်ပြီး ကျန်းမာကြတဲ့သူတွေပဲ ...
အဆင်ပြေကြမှာပါ'စိတ်ပူနေတဲ့ဒေါ်ပန်းဖြူကို ကောင်းခန့်အားပေးလိုက်ပေမယ့်
ကိုယ်တိုင်ကလည်းစိတ်ပူနေသည်။ နှစ်ယောက်လုံး
အဆင်ပြေကြမှာပါ ... အနည်းဆုံးသူတို့နှစ်ယောက်ကြားက
အချစ်စွမ်းအားနဲ့တင်အဆင်ပြေကြမှာပါ ... ကောင်းခန့်
အတွေးနဲ့အတူကလေးရဲ့စကားသံတွေကို
ပြန်ကြားမိသည်။'ကလေး'
'အစ်ကို ... ဘယ်လို'
ကောင်းခန့်ထင်တဲ့ခဲ့တဲ့အတိုင်းပင် ... ဧကရီ့အတွက်
ကျောက်ကပ်အလှူရှင်က ကလေးတဲ့လား ... ။
အလှူရှင်ကိုယ်တိုင်က လျှို့ဝှက်ထားခိုင်းတဲ့အကြောင်းကို
စုံစမ်းတာဟာ ဆရာဝန်တစ်ယောက်ရဲ့ကျင့်ဝတ်နဲ့
မညီပေမယ့် တကယ်လို့ကလေးဖြစ်နေခဲ့ရင်ဆိုတဲ့
သံသယကြောင့် ဒီဆေးရုံမှာရှိတဲ့ စီနီယာတစ်ယောက်ရဲ့
အကူအညီနဲ့ ဧကရီနဲ့တစ်ရက်တည်းခွဲစိတ်မယ့်သူစာရင်းကို
ကောင်းခန့်စုံစမ်းခဲ့မိသည်။ စာရင်းထဲမှာ ကလေးရဲ့နာမည်ကို
တွေ့လိုက်တော့ ကောင်းခန့်ထင်ထားတာ လုံးဝကို
သေချာသွားသည်။ ဧကရီ့ကို အဲ့လောက်တောင်ပဲ
ချစ်ရသလားကလေး ...။ ကလေးရှိတဲ့အခန်းဘက်ကို
လိုက်သွားတော့ ကလေးဘေးနားမှာဘယ်သူမှမရှိ ...
ဒီလောက်ထိ စွန့်စားရမယ့်ကိစ္စကြီးလုပ်ခါနီးမှာ
ကလေးဘေးမှာ ဘယ်သူမှမရှိပဲ
တစ်ယောက်တည်းတဲ့လား ...။''တကယ်ကိုကလေးဖြစ်နေတာပဲ
ကိုယ်ကလေးကိုအန္တရာယ်ပေးဖို့လာတာမဟုတ်လို့
ကိုယ့်ကိုမကြောက်ပါနဲ့ကလေး'သူ့ကိုတွေ့ပြီး လန့်သွားတဲ့ကလေးကို ကောင်းခန့်
ရှင်းပြလိုက်သည်။ ကိုယ်ဘယ်တော့မှ ကလေးကို
အန္တရာယ်မပေးတော့ပါဘူး ...။'ဧကရီ့ရဲ့ကျောက်ကပ်အလှူရှင်က
ကလေးဟုတ်တယ်မလား''အစ်ကိုက ... ဘယ်လိုလုပ် ...'
![](https://img.wattpad.com/cover/181266767-288-k394693.jpg)