Part 15

6K 444 2
                                    

'ဟဲလို'

သင်တန်းစောပြီးလို့ပြန်မယ်လုပ်နေရင်းဖုန်းဝင်လာလို့
ကြည့်လိုက်တော့ ဧကရီ ...။

'ဧကရီ'

'.....'

'သင်တန်းကဒီနေ့စောပြီးလို့ပြန်တော့မလို့လုပ်နေတာ'

'.....'

'ပန်းမြတ်စောင့်နေမယ် ဧကရီ'

သင်တန်းရှေ့မှာစောင့်နေမယ်လို့ ဧကရီကပြောသွားပေမယ့်
ဟုတ်မှဟုတ်ရဲ့လားလို့ပန်းမြတ်တွေးမိနေသည်။ ဧကရီက
ပန်းမြတ်သင်တန်းနေရာကိုမှမသိတာ ...
ဘယ်တုန်းကမှလည်း စိတ်ဝင်စားပြီးမမေးခဲ့ဖူးတဲ့သူက
အခုလာခဲ့မယ်ဆိုတော့ ... ပန်းမြတ်
နားကြားမှားတာလားလို့တောင်တွေးမိပေမယ့်
သင်တန်းရှေ့ကိုထွက်လိုက်တော့ တွေ့လိုက်ရတဲ့
ကားနီညိုရောင်လေးနဲ့ ကားကိုမှီပြီးရပ်နေတဲ့သူကြောင့်
ပန်းမြတ်နားကြားမှာတာမဟုတ်မှန်း
သက်သေပြသွားခဲ့သည်။

'ဧကရီ ... တကယ်ရောက်လာတာပဲ'

'ဘယ်သူကရော အလကားလာမယ်ပြောမိလို့လဲ'

'ဒါနဲ့ ... ဒီနေရာကိုဘယ်လိုသိတာလဲ'

'ဪ ... ရန်ကုန်မြို့ရဲ့ဒီလောက်နာမည်ကြီးတဲ့
ဒီဇိုင်နာသင်တန်းကိုဘယ်သူကမသိပဲနေမလဲ ကဲပါ
အဲဒါထားတော့ ... မင်းအခုတစ်နေရာရာသွားချင်တာ
မရှိဘူးလား'

'အဲဒါက ... ဟိုဟာ ...'

💟💟💟

သင်တန်းရှေ့မှာ သူ့ကိုမြင်လိုက်ရလို့ အံ့သြသွားတဲ့
ရုပ်ကြောင့် ဧကရီ ရယ်ရမလို စိတ်တိုရမလို
ဖြစ်သွားသည်။ စိတ်တိုရအောင်လည်း အခုဧကရီ
ဒီကိုတကူးတကရောက်လာတာ ဒေါသရှေ့ထားပြီး
လက်လွန်မိတဲ့ကိစ္စကြောင့် ပြန်တောင်းပန်ဖို့ဆိုတော့
စိတ်တိုရန်လည်းမဖြစ်နိုင် ... ပန်းမြတ်ဖြူကျော်နဲ့
ပတ်သက်လာရင် တစ်ခုခုဆို ဒေါသက
အရင်ထွက်ချင်နေတဲ့ကိုယ့်ကိုယ်ကိုလည်း ဧကရီ
အံ့သြမိသည်။

'Calm Down ဧကရီ !!!'

စိတ်ပြန်လျှော့နေတုန်းကို မယ်မင်းကြီးမက
စကားအထူးအဆန်းတွေလာပြောနေပြန်သည်။
ဒီတစ်ယောက်နဲ့တော့တော်တော့်ကိုမလွယ်တာပါလေ ... ။

Nothing Gonna Change (ပြောင်းလဲမရသော)Donde viven las historias. Descúbrelo ahora