'အရမ်းကြာမှာလား'
'အများဆုံးမှတစ်ပတ်ပဲ ... အလုပ်တွေကိုအမြန်ဆုံး
အပြီးသတ်ပြီး ကိုယ်ပြန်ခဲ့မယ်လေ'
OKဆိုတဲ့ Signလေးလုပ်ပြသည်။ ဧကရီအလုပ်ကိစ္စနဲ့
Bangkokကိုသွားဖို့ ကိစ္စပေါ်လာတာ ... ဖြစ်နိုင်ရင်
အတူခေါ်သွားချင်တာ ... သူ့မှာလည်းသင်တန်း
တစ်ဖက်နဲ့မို့ မဖြစ်လို့သာ ...။ ဒါ ချစ်သူတွေဖြစ်ပြီးမှ
ပထမဆုံးခဏခွဲရတဲ့ခရီး ...။
'ကိုယ့်ကိုလွမ်းနေမှာမလား'
'အင်း'
'အင်းတစ်ခုထဲလား ... တကယ်ရောလွမ်းမှာလား'
'တကယ်လွမ်းနေမှာ ... နေ့တိုင်းဖုန်းခေါ်နော်'
'အင်း ... ခေါ်လိုက်မယ်'
'ပစ္စည်းတွေထည့်မှာမလား ... ထည့်ကူပေးမယ်'
'OK'
💟💟💟
'ဘာလို့ကျွန်တော်နဲ့တွေ့ချင်ရတာလဲ'
'Dr ကောင်းခန့် ... အထူးကုဆရာဝန်လောင်း ...
တစ်ဦးတည်းသောသား ... မိဘကနောက်ခံကလည်း
ပြောစရာမရှိ ... ရုပ်ရည်ကလည်းမိန်းကလေးတိုင်း
သဘောကျမယ့်ပုံစံ ... အဲ့လိုယောက်ျားကို
ငြင်းတဲ့မိန်းကလေးက ရှိသေးတယ်တဲ့လား ...
ထူးဆန်းတယ်နော်'
'ဒီမှာခင်ဗျ ... ခင်ဗျားက ...'
'မလောပါနဲ့ Dr ရယ် ... ရှင်းပြမှာပေါ့'
တစ်ခါပဲတွေ့ဖူးတဲ့ ... ဒါတောင်မျက်နှာကိုသေချာ
သတိမထားလိုက်မိသောမိန်းကလေးက
တွေ့ချင်ပါတယ်ဆိုပြီး ပြောလာတည်းကကောင်းခန့်
အံ့သြခဲ့သည်။ တွေ့တော့လည်း
ကောင်းခန့်ရဲ့အကြောင်းတွေကို အကုန်သိထားတယ်ဆိုတဲ့
ပုံစံနဲ့ပြောနေတာကြောင့် ပိုပြီးအံ့သြနေရသည်။
ဒီမိန်းကလေးကဘာလဲ ... ။
'တစ်ခုပဲမေးမယ် ... ရှင် ပန်းမြတ်ဖြူကျော်ဆိုတဲ့
မိန်းကလေးကို လိုချင်တယ်မလား'
'...'
'ဟုတ်တယ် ... ရှင်လိုချင်နေပါတယ် ... ရှင်ကသူ့ကို
လိုချင်တယ် ... ကျွန်မက ဧကရီထိပ်ထားကိုလိုချင်တယ်
ရှင်နဲ့ကျွန်မပူးပေါင်းမယ်လေ'
'ဒီမှာမိန်းကလေး'
'Jennifer'
'ဒီမှာ Jennifer ... မင်းဘာသဘောနဲ့ ... မင်းကြည့်ရတာ
ကိုယ့်ထက်ငယ်မယ့်ပုံမို့ အဆင်ပြေသလို
ပြောလို့ရတယ်မလား'
