Part 23

5.9K 449 7
                                    

'သာဓု ... သာဓု ... သာဓု ကျန်းမာပါစေ ချမ်းသာပါစေ
အန္တရာယ်ကင်းဘေးရှင်းပါစေ အသက်ရာကျော်ရှည်ပါစေ
မွေးနေ့မှာပျော်ရွှင်ပါစေ သမီးလေး'

ဧကရီ အောက်ထပ်ကိုဆင်းလာလာချင်း ကြားလိုက်ရတဲ့
အသံကြောင့် အံ့သြသွားမိသည်။ ဒီနေ့က ပန်းမြတ်ဖြူကျော်
မွေးနေ့လား ... ဟုတ်သားပဲ ... ခြောက်လပိုင်းမှာမွေးနေ့လို့
တစ်ခါပြောဖူးတယ် ... ရက်အတိအကျကိုဧကရီမသိခဲ့တာ ...
သေလိုက်ပါတော့လား ဧကရီထိပ်ထားရေ ... ကိုယ့်ချစ်သူ
မွေးနေ့ကိုမသိဘူးတဲ့လား ... စီးပွားရေးလုပ်တဲ့နေရာမှာ
အကွက်ကြိုမြင်တတ်သလောက် ဒါမျိုးကျတော့
ညံ့နေလိုက်တာ ... ။ ပန်းမြတ်ဖြူကျော်ကတော့ သူ့မွေးနေ့
မသိရကောင်းလားဆိုပြီး စိတ်ကောက်မှာမဟုတ်တာ
သေချာသိနေသည်မို့ စိတ်မကောင်းလည်းဖြစ်မိသွားသည်။
သူ့ဘက်ကကိုယ့်ကို အရာရာအလျှော့ပေးပြီး
သည်းခံသလောက် သူ့မွေးနေ့လေးတောင်မမေးမိတဲ့
ကိုယ့်ကိုယ်ကိုလည်း မကျေမနပ်ဖြစ်မိသည်။ မနက်စောစော
သိလိုက်တာမို့ သိပ်တော့နောက်မကျသေး ... မွေးနေ့မို့
တစ်ခုခုတော့ အမှတ်တရလုပ်ပေးချင်မိသည်။
တွေးနေတုန်းမှာ ဖုန်းက Notificationသံကြောင့်
ကြည့်လိုက်တော့ ချစ်သူသက်တမ်းတစ်လပြည့်ကြောင်း သတိပေးတဲ့ Notificationဖြစ်နေသည်။

'ကွက်တိပဲ'

💟💟💟

'Hello ဧကရီ'

'ညနေသင်တန်းပြီးရင်သွားစရာရှိသေးလား'

'မရှိဘူး ဧကရီ ... ဘာလို့လဲ'

'တစ်နေရာအတူသွားချင်လို့ ... ကိုယ်နဲ့လိုက်ခဲ့ပေးမလား'

'ရတယ်လေ'

'OK Thanks ခဏနေရင်လာကြိုလိုက်မယ် စောင့်နေနော်'

'ဟုတ်'

'See you ပြီးတော့ ... Happy Birthday '

💟💟💟

'ပြောထားတာတွေအကုန်အဆင်သင့်ဖြစ်ပါပြီမမ'

'ကျေးဇူးပဲသင်ဇာ ... အကုန်သေချာစစ်ပြီးပြီလား'

'ပြီးပါပြီ မမ လိုက်ကြည့်ဦးမလား'

'ကြည့်မယ်'

ဧကရီသွားကြည့်လိုက်တော့ မှာထားတဲ့အတိုင်း
တစ်ခုမှမလွဲအောင် သင်ဇာကပြင်ဆင်ပေးထားသည်။
အပြင်အဆင်တွေအားလုံး စိတ်တိုင်းကျဖြစ်သောကြောင့်
ပြုံးလိုက်မိသည်။ ကိုယ်တိုင်လုပ်ချင်ပေမယ့် အရေးပေါ်
အစည်းအဝေးလုပ်စရာပေါ်လာလို့ အတွင်းရေးမှူး
သင်ဇာ့ကိုပဲ အကူအညီတောင်းလိုက်ရတော့သည်။
နောက်တစ်ခေါက်တော့ ကိုယ်တိုင်လုပ်ပေးနိုင်မှာပါ ...။

Nothing Gonna Change (ပြောင်းလဲမရသော)Where stories live. Discover now