'သမီး ... မနက်စာမစားတော့ဘူးလား'
'တော်ပြီမေမေ'
ပန်းမြတ်ဘာမှစားချင်စိတ်မရှိ ... ဘာမှလည်းလုပ်ချင်စိတ်
မရှိ ... အဖြေမထွက်သောမေးခွန်းတစ်ခုက ပန်းမြတ်စိတ်ကို
သတ်နေသည်။ မဖြစ်နိုင်ဘူးလို့ ကိုယ့်ကိုယ်ကို အကြိမ်ကြိမ်
ငြင်းနေရခြင်းက ပန်းမြတ်စိတ်ကိုခဲဆွဲထားသလို
လေးလံနေသည်။လက်ကအနာရှိန်နဲ့ နောက်နေ့နည်းနည်း
ဖျားတော့ မေမေနဲ့ဖေဖေကသင်တန်းမသွားခိုင်းပဲ
အိမ်မှာပဲနားခိုင်းတာမို့ ပန်းမြတ်သင်တန်းမသွားတာလည်း
သုံးရက်ရှိပြီဖြစ်သည်။ ပန်းမြတ်အိမ်မှာရှိနေပေမယ့် ဧကရီက
အလုပ်ကိစ္စနဲ့ ခရီးထွက်သွားတာကြောင့် ဧကရီ့နဲ့မတွေ့ရ...။
အစက ပန်းမြတ် ဧကရီ့ကိုရှောင်နေပေမယ့် အခုလို
မတွေ့ရပြန်တော့လည်း တွေ့ချင်နေသည်။ ဘာလို့လဲ ...
ပန်းမြတ် ဘာလို့အခုလိုတွေဖြစ်နေရတာလဲ ... ဘယ်လို
အကြောင်းပြချက်ကြောင့် ပန်းမြတ်အခုလိုတွေ
ခံစားနေရတာလဲ ...။ စဉ်းစားမရခြင်းများစွာထဲမှာ
သေချာတာတစ်ခုကတော့ ပန်းမြတ် ဧကရီ့ကို
အရမ်းသတိနေရတယ်ဆိုပဲဖြစ်သည် ...။💟💟💟
'လိုတာရှိတယ်ဆိုမင်းပဲကြည့်စီစဉ်လိုက်တော့
အရေးကြီးရင်တော့ကိုယ့်ကိုဖုန်းဆက်
ကိုယ်ပြန်တော့မယ်''ဟုတ်ကဲ့မမ စိတ်ချပါ အကုန်အဆင်ပြေတဲ့အထိ
သင်ဇာစောင့်ကြည့်ပြီးမှပြန်ခဲ့ပါ့မယ်'မန္တလေးကစက်ရုံက အလုပ်ကိစ္စတွေရှင်းပြီးပြီးချင်း
ဧကရီအိမ်ပြန်ဖို့ပြင်လိုက်သည်။ အရင်ကဆို
အလုပ်ကိစ္စပြီးတာနဲ့ တော်ရုံချက်ချင်းပြန်လေ့မရှိပဲ
လုပ်စရာတွေစိတ်ချရသည်အထိလုံးဝသေချာမှ
ပြန်ဖြစ်တဲ့ဧကရီ ဒီတစ်ခေါက်တော့
တစ်စုံတစ်ရာကလှမ်းခေါ်နေသလိုခံစားချက်ကြောင့်
လိုအပ်တာတွေကို အတွင်းရေးမှူးဖြစ်သူ သင်ဇာနဲ့သာ
လွှဲထားခဲ့ပြီး အိမ်ပြန်ဖို့ပြင်ဆင်နေသည်။ ပြီးတော့ ပုံမှန်ဆို
ပြည်တွင်းခရီးသွားပြီဆို ဘယ်နေရာဖြစ်ဖြစ် ကိုယ်တိုင်
ကားမောင်းပြီးသွားတတ်ပေမယ့် ဒီတစ်ခေါက်တော့
အပြန်ကားမောင်းနေရရင်ကြာနေမှာစိုးလို့ လေယာဉ်နဲ့ပဲ
သွားဖြစ်ခဲ့သည်။ စိတ်ထဲမှာ တိတိကျကျဖြစ်နေတာ
မဟုတ်ပေမယ့်လို့ ပန်းမြတ်ဖြူကျော်ကို စိတ်ပူနေသယောင်
ခံစားနေရတာတော့သေချာသည်။ လက်ထိလာတဲ့နေ့က
ဘာမှမပြောပဲ ငိုယိုပြီးအခန်းထဲဝင်သွားလိုက်တာကနေ
နောက်နေ့မနက်ကျလည်း ဧကရီကအရေးပေါ်အလုပ်ကိစ္စနဲ့
ခရီးထွက်လိုက်ရတာမို့ ထိုပိုးဟပ်ဖြူနဲ့ကိုမတွေ့ခဲ့ရ ...။
ပိုးဟပ်ဖြူလို့တွေးမိပြီးမှ ကိုယ်ပေးလိုက်တဲ့နာမ်စားကို
သဘောကျပြီးပြုံးမိသေးသည်။ ဟုတ်တယ် ... ပိုးဟပ်ဖြူ ...
ပိန်ပိန်သေးသေးသူ့ပုံစံက ပိုးဟပ်နှင့်တကယ်တူသည်။
အသားကလည်းဖြူတော့ တကယ်လည်း ပိုးဟပ်ဖြူ ...
ဟုတ်တယ် ပိုးဟပ်ဖြူ ... ပိုးဟပ်ဖြူကျော် ...။
ကိုယ့်အတွေးနဲ့ကိုယ်ရုတ်တရက်ထရယ်မိသော ဧကရီ့ကို
လေယာဉ်ပေါ်ကလူတချို့ ဝိုင်းကြည့်နေကြမည်ထင်သည်။
ဧကရီတောင် တခြားသူကိုနာမည်ပြောင်တွေ
ပေးတတ်နေပါလား ...။
![](https://img.wattpad.com/cover/181266767-288-k394693.jpg)
YOU ARE READING
Nothing Gonna Change (ပြောင်းလဲမရသော)
RomanceNothing gonna change my love for you ❤️