ညဆယ်နာရီအချိန် ... သန်လျင် Star City အခန်းတစ်ခုတွင်
သတိမေ့နေသောမိန်းကလေးတစ်ယောက်ကိုကြည့်ပြီး
ယောက်ျားတစ်ယောက်နှင့် မိန်းမတစ်ယောက်
စကားပြောနေကြသည်။'ရှင်သူ့ကိုတစ်ညလုံးအလှထိုင်ကြည့်မလို့လား'
'မင်းငါ့ကိုဘာဖြစ်စေချင်နေတာလဲ'
'ရှင်ကမှဘာဖြစ်ချင်နေတာလဲ ... ဒီအထိရောက်လာပြီးမှ
ဥပုသ်စောင့်မလို့အစီအစဉ်ရှိနေတာတော့မဟုတ်ဘူးမလား''ဒါငါ့ကိစ္စပါ ... အခုတော့မင်းပြန်လိုက်တာကောင်းမယ်'
'ကောင်းခန်းလေးတော့ထိုင်ကြည့်ပါရစေလား'
'မင်းပြန်တော့ ... ငါထပ်မပြောချင်ဘူး'
'OKလေ ... ဒီလောက်နှင်ထုတ်နေမှတော့ ပြန်ရမှာပေါ့
သူသတိမေ့နေတာရှင့်အတွက်အကောင်းဆုံးအချိန်နော်
ကျားဥပုသ်မစောင့်ဘူးလို့ယုံလိုက်မယ်
ရှင်ရဲဆေးတင်ဖို့လိုမယ်ထင်လို့အဆင်သင့်ယူလာခဲ့တယ်
လိုတယ်ဆိုရင်စားပွဲပေါ်မှာယူလိုက်
ကျွန်မသွားပြီ ... Good Luck! 'အခန်းတံခါးပိတ်သံကြားလိုက်ရသည်။ ကောင်းခန့်
သက်ပြင်းချလိုက်မိသည်။ ကုတင်ပေါ်က
ကလေးကိုကြည့်လိုက်တော့သတိမေ့နေဆဲ ... ကလေးကို
ကြည့်ပြီး နောက်တစ်ကြိမ်သက်ပြင်းချလိုက်မိသည်။
ကိုယ်မှားသွားပြီထင်တယ်ကလေး ...'အခုချိန်မှတွေဝေနေလို့ဘာထူးတော့မှာလဲ'
တတိယမြောက်သက်ပြင်းကိုချပြီးတော့ Jennifer
ယူလာတဲ့ ဘီယာတစ်ဘူးကိုဖွင့်သောက်လိုက်သည်။⚡️⚡️⚡️
လေးနေတဲ့မျက်ခွံကို အားယူပြီးဖွင့်လိုက်သည်။
ခေါင်းကလည်းဘာကြောင့်မှန်းမသိ
ခပ်နောက်နောက်ဖြစ်နေသည်။ ဘေးကိုကြည့်လိုက်တော့
မသိတဲ့နေရာတစ်ခု ...'ဒါ ... ဘယ်ရောက်နေတာလဲ'
'သတိရပြီလားကလေး'
အခန်းထဲဝင်လာတဲ့သူကိုမြင်လိုက်ရတော့
ပန်းမြတ်လန့်သွားသည်။'အစ်ကိုက ... ဒီကို ... ဘယ်လို ...
ပန်းမြတ် ညနေသင်တန်းဆင်းချိန်ကအကြောင်းကို
ပြန်သတိရလိုက်သည်။ မေမေ မေ့လဲသွားတယ်ဆိုလို့
လိုက်လာရာကနေ ...