'ခဏ ... ခဏလေး ... ကိုယ်ပြောစရာရှိလို့ ... ခဏပဲ'
သူပြောခဲ့ဖူးတဲ့စကားတွေကို ကိုယ်ကပြန်ပြောရတဲ့
အလှည့်ရောက်နေသည်။'ပန်းမြတ်မအားလို့ဧကရီ ... နောက်မှပဲ'
'သေလိုက်ပါတော့လားကွာ'
မပြေးရုံတမယ် ဧကရီ့ဘေးကအမြန်ထွက်သွားသူကိုကြည့်ပြီး
ဧကရီစိတ်ပျက်လက်ပျက်ပြောလိုက်မိသည်။'ဒါတမင်ရှောင်သွားတာ အသိသာကြီး ... ပိုးဟပ်တွေက
ဒီလောက်ပဲအရှောင်အတိမ်းကောင်းလား'မသိမသာရော သိသိသာသာပါရှောင်ခံနေရတာ ဒီနေ့နဲ့ဆို
တစ်ပတ်ကို သုံးရက်ကျော်လို့လေးရက်မြောက်တောင်
ကုန်တော့မည်။ ရက်အတိအကျတွက်မယ်ဆို
ဆယ်ရက်ကျော်လို့ ဆယ့်တစ်ရက်မြောက်ထဲမှာ ...
မူးမူးရူးရူးနဲ့ တလွဲတွေလုပ်မိတဲ့ကိုယ့်ကိုယ်ကိုပဲ
အပြစ်ပြောရမလား ... အခုအချိန်ထိကိုယ့်ကိုတွေ့တာနဲ့
သရဲတွေ့သလိုရှောင်နေတဲ့သူကိုပဲ အပြစ်ပြောရမလား
ဆိုတာလည်း မစဉ်းစားတတ်တော့ ...။ တစ်ညလေး
သောက်လိုက်မိတာ Imageတွေလည်း ကုန်းကောက်စရာ
မရှိအောင်ကျကုန်သည်။ အရက်ကအကျိုးမပေးဘူးလို့
ဘုရားဟောခဲ့တာ ဒါတွေကြောင့်ထင်သည်။ ဒီအခြေအနေ
အတိုင်းတော့ဘယ်လိုမှမဖြစ် ... ရှင်းသင့်တာရှင်းပြီး
ဆက်သင့်တာကိုဆက်ရမည်။ အိမ်ထဲမှာတွေ့ရင်လည်း
ရှောင်သွားပြီး ညဘက်လည်းအခန်းတံခါးလော့ချထားတဲ့
အရှောင်အတိမ်းကောင်းလွန်းသူကို တစ်နည်းနည်းနဲ့
ရအောင်အမိဖမ်းမှဖြစ်မည်။ ပန်းမြတ်ဖြူကျော်ကို
စကားပြောရဖို့နည်းလမ်းစဉ်းစားရင်း ဧကရီ့အတွေးတွေက
အဲဒီညကိုပြန်ရောက်သွားသည်။💟💟💟
ပထမဆုံးခွက်ကို တစ်ခါတည်းမော့ချလိုက်ပြီး
ဒုတိယမြောက်ခွက်ကိုငှဲ့လိုက်တဲ့အချိန် ဖန်ခွက်ထဲမှာ
ပေါ်လာတာက တစ်ယောက်သောသူရဲ့မျက်နှာ ...။'တစ်ခွက်တည်းပဲရှိသေးတာကို ငါမူးနေပြီလား
မြင်ချင်ရာတွေမြင်နေပြီ'ပေါ်လာတဲ့ပုံရိပ်ပျောက်သွားအောင် ဒုတိယခွက်ကိုလည်း
အမြန်မော့ချလိုက်ပြီး နောက်တစ်ခွက်ငှဲ့မယ်လုပ်တော့ ...