'Reply လေးတောင်ပြန်မလာဘူး'
ပြန်လာမယ်စာပို့ထားပေမယ့် လေဆိပ်ရောက်တဲ့ထိကို
ဘာ replyမှပြန်မလာတာမို့ ဧကရီမကျေမနပ်ရေရွတ်မိသည်။
'ဘာတွေဒီလောက်အလုပ်ရှုပ်နေတာလဲ ... တွေ့မယ်
ပြန်ရောက်မှမခေါ်ပဲကိုထားဦးမှာ'
အားရပါးရစိတ်ကောက်မယ်လို့တွေးမိလိုက်ပေမယ့်
လူကိုယ်တိုင်ကတော့ အတူဝတ်ဖို့ဝယ်လာတဲ့
ဆင်တူလက်စွပ်ဘူးလေးကိုဖွင့်ကြည့်ရင်း ပြုံးလိုက်မိသည်။
'သမီး ... ပြန်ရောက်ပြီလား'
'ဟုတ် ဒယ်ဒီ ... နေမကောင်းဘူးလား မျက်နှာက
သိပ်မလန်းသလိုပဲ'
'နေကောင်းပါတယ်သမီးရယ် ... သမီးနားတော့လေ'
'ဟုတ်ဒယ်ဒီ'
နေကောင်းတယ်ပြောပေမယ့် ဒယ်ဒီ့ပုံစံက ပုံမှန်နဲ့မတူ ...။
'သမီး ပြန်လာပြီလား'
'ဟုတ်ကဲ့အန်တီ'
'နားလိုက်ဦးနော်သမီး'
ဒယ်ဒီတစ်ယောက်တည်းမဟုတ်ပဲ အန်တီပါ
မျက်နှာမကောင်းတာကို ဧကရီသတိထားမိလိုက်သည်။
ဘာများဖြစ်လို့လဲ ... မဟုတ်မှ ... ရုတ်တရက်ခေါင်းထဲ
ဝင်လာသောအတွေးကြောင့် ဧကရီ
ကိုယ့်အခန်းကိုယ်မသွားပဲ ပန်းမြတ်အခန်းထဲဝင်လိုက်သည်။
'နေမကောင်းဘူးလား'
'ဧကရီ ... ဘယ်တုန်းကပြန်ရောက် ...
'အခုပဲ စာပို့ထားတယ်လေ ... မျက်နှာလေးလည်း
ချောင်ကျသွားတယ် ... နေမကောင်းတာလား ...
လိုင်းပေါ်ရောဘာလို့မတက်တာလဲ'
'နေကောင်းပါတယ် ... ဧကရီ ပင်ပန်းလာတယ်မလား
နားတော့လေ'
'ဘာဖြစ်နေတာလဲ ... ဒယ်ဒီနဲ့အန်တီ့လည်းတစ်ယောက်မှ
မျက်နှာမကောင်းဘူး ... မင်းကြည့်ရတာလဲ တစ်မျိုးပဲ ...
မျက်လုံးတွေနီနေတာ ... ငိုထားတာလား ...
ပါးနှစ်ဖက်ကလည်းရဲနေတာပဲ ... ဘာတွေဖြစ်လို့လဲ'
'ဘာမှမဖြစ်ဘူး ... မနေ့ကမိုးမိလို့ နည်းနည်းအအေးမိသလို
ဖြစ်နေတာ'
'ဟုတ်လား ... ကိုယ်ပူနေတာလား'
ဧကရီနဖူးကိုစမ်းကြည့်လိုက်တော့ ...
YOU ARE READING
Nothing Gonna Change (ပြောင်းလဲမရသော)
RomanceNothing gonna change my love for you ❤️
