'ဒယ်ဒီ ကိုကောင်းခန့်လာသွားတာလား'
'ဟုတ်တယ်သမီး'
'သူက အခုတလော
အရမ်းအလာစိပ်နေသလိုပဲနော်'
'သူလာတော့လည်း ဒယ်ဒီ့အတွက်ကောင်းတာပေါ့သမီးရဲ့
သမီးအန်တီကိုပါ ကြည့်ပေးနေတာ သူ့မလည်း
အချိန်မအားတဲ့ကြားကလာကြည့်ရရှာတာ'
ဧကရီ Companyကပြန်လာတော့ လမ်းထဲအဝင်မှာ
ကိုကောင်းခန့်ကားနဲ့ တိမ်းလိုက်တာမို့ ဒယ်ဒီ့ကို
မေးကြည့်မိသည်။ ဒါနဲ့ပါဆို ဒီအပတ်ထဲသူလာတာ
ဧကရီသိသလောက်ကို သုံးခါရှိပြီ။ M.R.C.P ကြောင့်ရော
Dutyတွေကြောင့်ပါ အလုပ်များလှပါတယ်ဆိုတဲ့လူက
အခုတော့လည်းအရမ်းအားနေသလားလို့ကိုထင်ရသည်။
ကိုယ့်အဖေကိုလာကြည့်ပေးနေတဲ့သူဆိုတော့လည်း
မပြောကောင်းပါဘူးလေ ...။ ဒယ်ဒီနဲ့စကားပြောပြီး
ရေသောက်ဖို့ ထမင်းစားခန်းဆီလျှောက်သွားလိုက်တော့ ...
'မင်းဘာလုပ်နေတာလဲ'
'ဪ ... ဧကရီ ဒီနေ့အစောကြီးပါလား'
မေးတာကတစ်ခြား ... ဖြေတာကတစ်လွဲ ... ကောင်းတယ်
အရမ်းကိုကောင်းတယ် ...။
'ဘာလုပ်နေတာလဲလို့'
'ဆေးပြီးသားဖန်ခွက်တွေသုတ်နေတာ'
သူလုပ်နေတာကို ဧကရီဝင်လာတည်းကမြင်သည်။
ဒီပန်းကန်တွေက ဧည့်သည်လာရင် ဧည့်ခံဖို့ သီးသန့်ထားတဲ့
ပန်းကန်တွေ ...
'အဲဒါဘာလုပ်ထားတဲ့ပန်းကန်တွေလဲ'
'ခုနကဟိုအစ်ကိုလာတုန်းက အအေးထည့်တဲ့ပန်းကန်တွေ'
ထင်တဲ့အတိုင်းပင် ...
'အဲဒါမင်းကဘာလို့ဆေးနေတာလဲ'
'ခုနက အန်တီနန်းတို့ မဦးတို့က ခြံထဲမှာ
အပင်ရေလောင်းနေကြတာ ပြီးတော့ မေမေနှင်းဆီပန်းတွေ
စိုက်မယ်ဆိုလို့ မြေနေရာရှင်းတာကိုဝိုင်းကူနေကြတာ
ဟိုအစ်ကိုလာတော့သူတို့ဘယ်သူမှမရှိဘူး ပန်းမြတ်ပဲ
မုန့်တွေထည့်ပြီးသွားချပေးလိုက်တာ အခုလည်းသူတို့တွေ
ပင်ပန်းထားတာဆိုတော့ ဒါတွေထပ်မဆေးစေချင်တော့လို့
ဆေးရတာလည်းဘာမှမခက်လို့လေ'
YOU ARE READING
Nothing Gonna Change (ပြောင်းလဲမရသော)
RomanceNothing gonna change my love for you ❤️
