Six Months Later
'တို့ကိုဘယ်အချိန်ထိရှောင်နေဦးမှာလဲဧကရီ'
'ငါအလုပ်လုပ်နေတယ် ... မင်းပြန်လိုက်တာကောင်းမယ်'
'ဘယ်သူနဲ့လိုက်သွားမှန်းမသိတဲ့သူတစ်ယောက်အတွက်
ဘယ်အချိန်ထိခံစားနေဦးမှာလဲဧကရီ ... ပြီးတော့
ထွက်သွားတဲ့အချိန်ကလည်း မင်္ဂလာဆောင်ခါနီးအချိန်
ဘယ်လိုမိန်းကလေးမျိုးကအဲ့လိုရူးကြောင်ကြောင်တွေ
လုပ်မှာလဲ''မင်းဟာမင်းထွက်သွားမလား ... ငါလုံခြုံရေးခေါ်ပြီး
ဆွဲထုတ်ခိုင်းရမလား Jenni''ဧကရီတို့ကိုလိုအပ်လာတဲ့နေ့ရှိကိုရှိဦးမှာပါ'
'ဘယ်တော့မှရှိလာမှာမဟုတ်လို့ မင်းသာရူးကြောင်ကြောင်
လုပ်ရပ်တွေဆက်လုပ်မနေနဲ့ ... ပြီးတော့နောက်ထပ်
မင်းပါးစပ်ကနေသူ့ကိုထိခိုက်တဲ့စကားတွေ
ထပ်ပြောလာမယ်ဆိုရင် မင်းကိုငါဘာလုပ်မိမလဲ
အာမမခံနိုင်ဘူး'ပြောနိုင်တုန်းပြောထားဦးပေါ့ဧကရီ ... အနည်းဆုံးတော့
ဧကရီချစ်လှပါချည်ရဲ့ဆိုတဲ့ ပန်းမြတ်ဖြူကျော်နဲ့ဧကရီကို
တို့ခွဲပစ်နိုင်ခဲ့ပြီ ...။⚡️⚡️⚡️
'မမ ... ကိုးနာရီထိုးတော့မယ် ...
အလုပ်ဆင်းလိုက်ပါတော့လား ... အခုအချိန်ထိ
ညစာလည်းမစားသေးဘူး ... နေ့လည်ကလည်း
ပေါင်မုန့်တစ်လုံးပဲစားထားတာလေ''အဲ့လောက်တောင်ရှိသွားပြီလား ... ဆောရီးသင်ဇာ
အလုပ်ဆင်းချင်ဆင်းတော့လေ''သင်ဇာကရပါတယ် ... မမဒီလိုလုပ်နေရင်
ကျန်းမာရေးထိခိုက်လိမ့်မယ်
မမအလုပ်တွေပဲဖိလုပ်နေတာခြောက်လလောက်ရှိပြီ
အစားလည်းကောင်းကောင်းမစားဘူး
ကောင်းကောင်းလည်းမအိပ်ဘူး
ရုံးခန်းမှာချည်းပဲအိပ်နေတာမလားမမ
အိမ်မပြန်ချင်လည်းသွားအိပ်စရာအခန်းရှိနေတာကို''ဖြေးဖြေးပြောပါသင်ဇာရယ် ... နားထောင်ရတာတောင်
မောတယ် ... ကိုယ်အခုနားမယ်ဟုတ်ပြီလား ...
ကိုယ်ယူထားတဲ့အခန်းသွားနေလိုက်မယ်''သင်ဇာမမအတွက် ညစာကိုအခန်းပို့ခိုင်းလိုက်မယ်
မမသေချာစားလိုက်နော်'

YOU ARE READING
Nothing Gonna Change (ပြောင်းလဲမရသော)
RomanceNothing gonna change my love for you ❤️