Part 12

5.8K 452 0
                                    

နေ့တိုင်းနီးပါး ဧကရီတို့အိမ်ကိုသွားနေပေမယ့်
ကလေးနဲ့ဆက်ဆံရေးက ထင်သလောက်
တိုးတက်မလာတာမို့ ကောင်းခန့်တော်တော်လေးကို
စိတ်ညစ်နေရသည်။ တွေ့ရင်ပြုံးပြရုံ မေးတာလောက်ကိုပဲ
ပြန်ဖြေရုံပဲလုပ်တတ်တဲ့ကလေးက နဂိုတည်းက
အနေအေးသူမို့ပဲလား .. ယောက်ျားလေးတွေနဲ့
ရောရောနှောနှောမနေတတ်သောအကျင့်ရှိတယ်ဆိုတာ
သိရတာကြောင့်တော့အဆိုးထဲက အကောင်းဆိုပြီး
ကျေနပ်ရပြန်သည်။ ဘေးကကြည့်နေရုံနဲ့တင်
အပြစ်ကင်းလွန်းတဲ့ပန်းတစ်ပွင့်ဖြစ်မှန်းသိနေရတာမို့
ထိုပန်းကလေးကိုခူးဆွတ်ခွင့်ကို ကောင်းခန့်ရချင်မိသည်။
ဧကရီနဲ့လူကြီးချင်းသဘောတူထားတယ်ဆိုပေမယ့်
ကာယကံရှင်တွေသဘောမပါဘဲနဲ့တော့ နှစ်ဖက်စလုံးက
မိဘတွေက ဘာကိုမှအတင်းအကြပ်လုပ်မှာမဟုတ်တာ
သေချာသလောက်ရှိနေတာမို့ အနည်းငယ်တော့
ရင်အေးရသည်။ သို့သော်လည်း ကလေးနဲ့ရင်းနှီးတဲ့
အဆင့်ထိကိုမရောက်သေးတာမို့ ဘာဆက်လုပ်ရမှန်းမသိ
ဖြစ်နေသည်။ ဧကရီ့ကိုပဲ ပွင့်ပွင့်လင်းလင်းပြောပြီး
အကူအညီတောင်းဖို့ကျလည်း မျက်နှာပူသလိုခံစားရသည်။
ဧကရီနဲ့ ငယ်ငယ်တည်းကမောင်နှမလိုနေခဲ့တာမို့
အမှန်အတိုင်းဖွင့်ပြောရင်လည်း ပြဿနာမရှိလောက် ...
အခြေအနေတိုးတက်မလာရင်တော့ ဒီနည်းလမ်းကိုသာ
ထုတ်သုံးဖို့ရှိတော့သည်။ ကောင်းခန့်တွေးနေတုန်းမှာ
ဖုန်းဝင်လာလို့ကြည့်လိုက်တော့ ဧကရီ့ဆီကဖြစ်နေသည်။

'ဟဲလို ... ဧကရီပြော'

'.....'

'တနင်္ဂနွေနေ့လား ... အင်း ... အဲဒီနေ့ကိုယ်အားတယ်'

'....'

'ဖေဖေတို့လား ... ပြောလိုက်မယ်လေ ...
ဟိုတလောကတောင် အန်ကယ်နဲ့မတွေ့တာကြာလို့တဲ့
ပြောနေတာ ... အန်တီပန်းဖြူနဲ့လည်းတွေ့ချင်လို့တဲ့'

'.....'

'အိုကေ ... အဲဒါဆို ကိုယ်ဘယ်အချိန်လာခဲ့ရမလဲ
ကိုယ်ကူညီနိုင်တာရှိရင်လည်းပြောနော် ... အားနာနေရမယ့်
လူတွေမှမဟုတ်ပဲ'

'....'

'ဟုတ်ပါပြီဗျာ ...အဲဒါဆိုလည်း See you Sunday Night ဗျာ'

Nothing Gonna Change (ပြောင်းလဲမရသော)Donde viven las historias. Descúbrelo ahora