Part 34

4.9K 375 4
                                    

'ဘာလဲ ... ကုန်သွားပြန်ပြီလား'

ပုလင်းအသစ်ထဲက အရက်တွေကိုခွက်ထဲငှဲ့နေတုန်းမှာ
လက်ကိုတစ်စုံတစ်ခုကလာကိုင်ပြီးဟန့်တားခြင်း
ခံလိုက်ရသည်။

'တော်လောက်ပြီ ဧကရီ ... အရမ်းများနေပြီ'

'ဘယ်သူလဲ'

'တို့ကိုတောင်မမှတ်မိတော့ဘူးလား ... တကယ်မူးနေတာပဲ'

'ငါ့ကိုထားမသွားပါနဲ့လား'

'ထားမသွားပါဘူး ... တို့အခုရောက်လာပြီလေ'

'ငါ့ကိုထားမသွားပါနဲ့လား ... ပန်းမြတ်ဖြူကျော်'

ခံပြင်းမှုတွေပါနေတဲ့ လှောင်ပြုံးတစ်ခုက Jennifer
မျက်နှာပေါ်မှာရောက်လာသည်။ လူမှန်းသူမှန်း
မသိအောင်မူးနေတဲ့အချိန်ထိတောင်
ပန်းမြတ်ဖြူကျော်တဲ့လား ... စောင့်ကြည့်နေလိုက်ဧကရီ
ဧကရီ့ရဲ့ချစ်လှစွာသောအဲ့ဒီပန်းမြတ်ဖြူကျော်နဲ့ဧကရီ့ကို
တို့ကရအောင်ခွဲပြမှာ ... ။ ဧကရီနဲ့သူ
အဝေးဆုံးဖြစ်သွားအောင် တို့လုပ်မှာ ... ဧကရီတို့ကလွဲပြီး
ဘယ်သူ့ဆီမှမသွားရဘူး ... တို့ဘယ်သူ့ကိုပဲချစ်ချစ်
ဧကရီကတော့ တို့ကလွဲပြီးဘယ်သူ့ကိုမှမချစ်ရဘူး ...။

⚡️⚡️⚡️

'သမီး ... ဖိတ်စာနမူနာရလာပြီ ... ကြည့်လိုက်ပါဦး'

'သမီးမကြည့်ချင်ဘူးမေမေ'

'ခေါင်းမာမနေပါနဲ့တော့သမီးရယ် ... အခုလိုလုပ်နေလို့လည်း
ဘာမှပြောင်းလဲလို့မှမရတော့တာ'

'သမီးကိုဒီကိစ္စတွေဘာမှထပ်မပြောပါနဲ့တော့မေမေရယ်
ကြာရင်သမီးတကယ်ရူးသွားလိမ့်မယ်'

'သမီးရယ်'

ဒေါ်ပန်းဖြူ သမီးကိုကြည့်ရတာစိတ်မကောင်းလွန်းလို့
ဘာပြောရမှန်းမသိတော့ ... သမီးပြောတာကို
ကိုယ့်ဘက်ကယုံရင်တောင် အခုကလူသိရှင်ကြားဖြစ်သွားတဲကိစ္စ ... သမီးရဲ့ဘဝတစ်ခုလုံးနဲ့ပတ်သက်နေတဲ့ကိစ္စ ...
သမီးရဲ့ဘဝတစ်လျှောက်လုံးဒီကိစ္စကြောင့်
အမဲစက်ဖြစ်သွားမှာထက်စာရင် မောင်ကောင်းခန့်ကို
လက်ထပ်လိုက်တာက ပိုကောင်းနိုင်တာမို့
အစ်ကိုနဲ့တိုင်ပင်ပြီးလက်ထပ်ဖို့ကိစ္စကို
သဘောတူလိုက်တာ ... ။ မောင်ကောင်းခန့်ကလည်း
အခုဖြစ်သွားတဲ့ကိစ္စကိုဖယ်လိုက်ရင်
လူကောင်းတစ်ယောက် ... သမီးကိုလည်း
တကယ်ချစ်တယ်လို့ ထင်မိတာမို့ လက်ခံလိုက်ပေမယ့်
သမီးဘက်ကခါးခါးသီးသီးကိုငြင်းနေသည်။
အချိန်ကြာသွားရင်တော့
သမီးအဆင်ပြေသွားမှာပါသမီးရယ် ...။

Nothing Gonna Change (ပြောင်းလဲမရသော)Where stories live. Discover now