Part 16

6.2K 431 1
                                        

'ညီမလေး ... ခဏ'

'အစ်ကို ... ဒီကိုဘာကိစ္စ'

'ညီမလေး ... အချိန်ရတယ်မလား ... ကိုယ်ခဏလောက်
စကားပြောချင်လို့ ... ခဏပါ'

'ဟုတ်ကဲ့'

ကောင်းခန့် ကလေးရဲ့သင်တန်းရှိတဲ့နေရာကို
လိုက်လာခဲ့သည်။ စောသေးတယ်ဆိုပေမယ့်
သူ့ခံစားချက်အမှန်ကို ပွင့်ပွင့်လင်းလင်း ဝန်ခံသင့်ပြီဟု
ကောင်းခန့်ထင်မိသည်။ ဒီအတိုင်းဆက်သွားရင်
ဟိုတစ်နေ့ညကလို ကလေးပဲ ကြားထဲကထပ်ခံစားရမှာ
စိုးရိမ်တာမို့ အမှန်အတိုင်းဖွင့်ပြောဖို့ဆုံးဖြတ်လိုက်သည်။

'ကိုယ် ညီမလေးကိုပြောစရာရှိလို့'

'အစ်ကိုက ညီမကိုဘာများပြောစရာရှိလို့လဲ'

'အရင်ဆုံးပြောချင်တာကတော့ ဟိုတစ်နေ့ညက
ကိစ္စအတွက်ကိုယ်တောင်းပန်ပါတယ် ကိုယ့်အမှားကြောင့်
ဖြစ်သွားတာမို့ ကိုယ်တကယ်တောင်းပန်ပါတယ်'

'အဲဒီကိစ္စအတွက်ဆိုရင်တော့ ညီမကိုတောင်းပန်ဖို့
မလိုပါဘူး ... ဧကရီနဲ့လည်းပြန်ပြီးနားလည်မှုရသွားပါပြီ'

'ပြန်အဆင်ပြေသွားတယ်ဆိုတော့ကိုယ်ဝမ်းသာပါတယ်
ငယ်ငယ်လေးထဲကမောင်နှမလိုနေလာတော့
ဧကရီ့အကြောင်းကိုကိုယ်သိတယ် သူကဒေါသထွက်လာရင်
ဘာမှမမြင်တတ်ပဲ သူလုပ်ချင်ရာတွေလုပ်တတ်တာ'

'ဒါနဲ့ အစ်ကိုညီမကိုပြောစရာရှိတယ်ဆိုတာဘာလဲမသိဘူး'

'မပြောခင်တစ်ခုကြိုပြောထားချင်တာက ကိုယ်ဒီစကားပြောဖို့
အကြိမ်ကြိမ်စဉ်းစားခဲ့တယ် ... ဒီလိုပြောဖို့အရမ်း
စောနေတယ်ဆိုတာလည်း ကိုယ်သိတယ် ဒါပေမယ့်
ကိုယ်မပြောပဲနေရင်နောက်ပိုင်းကိစ္စတွေပိုရှုပ်လာမှာစိုးလို့'

'အစ်ကို ဘာပြောချင်တာလဲမသိဘူး'

'ညီမလေးကို ကိုယ်ချစ်တယ်'

'ရှင်'

'မင်းကိုကိုယ်ချစ်တယ်ကလေး ... စတွေ့တည်းက
ကိုယ်ချစ်မိသွားခဲ့တာ...'

'အမေ့'

'ရလား ... ကလေး'

အံ့သြမှုကြောင့် ပန်းမြတ်လက်ထဲက
ကော်ဖီခွက်လွတ်ကျသွားသည်။ ကော်ဖီအေးမို့သာ
တော်တော့သည်။ ကော်ဖီခွက် အင်္ကျီပေါ်မှောက်သွားတာ
မြင်တော့ မျက်နှာချင်းဆိုင်မှာထိုင်နေတဲ့ ကိုကောင်းခန့်က
ချက်ချင်းထလာပြီး ပေသွားတဲ့ကော်ဖီတွေကို
လာသုတ်ပေးတော့ ...

Nothing Gonna Change (ပြောင်းလဲမရသော)Where stories live. Discover now