သစ်ပင်ပေါ်တွင်ကုပ်ကပ်တွယ်ဖက်ထားသော သားတော်မောင်ကိုကြည့်ကာ ဒေါ်ပပငယ် သက်ပြင်းချမိသည်.။ဘယ်လို ကလေးမျိုးကိုမွေးထားမိပါလိမ့်.။ လက်က ကိုင်ထားသည့် ကြက်မွှေးတုတ်ကို သာ တယမ်းယမ်းလုပ်ပြလိုက်တော့သည်။
“ဆင်းလာခဲ့စမ်း.. နောင်ရိုးငယ်.။ မေမေ နောက်တစ်ခေါက်ထပ်မပြောချင်တော့ဘူးနော်.”
“ဟင့်အင်း ဆင်းလာရင် သား ကအရိုက်ခံရမှာပေါ့. မလာဘူး ဒီမှာပဲနေမှာ.”
“ပြောစမ်းပါဦး။ ငါက မင်းကို အကြောင်းမဲ့ရိုက်မလို့လုပ်နေတာလား။မင်း အသက်ဘယ်လောက်ရှိပြီလဲ ”
“၂၀ ပြည့်တော့မှာကို မေမေကလည်းသိရဲ့သားနဲ့မေးနေပြန်ပါပြီ.”
စူပုတ်ပုတ်ဖြင့် စကားပြန်လာသည်ကြောင့် ဒေါ်ပပငယ် သွေးတက်ချင်သွားသည်.။အနေအထားကဖြင့် ပိတောက်ပင်ပေါ်က အတော်အတန်မြင့်သော သစ်ကိုင်းခွကြားကို ချစ်သူရည်းစားလို တွယ်ဖက်ထားသည့် သားဖြစ်သူနှင့် အောက်ကနေ ကြက်မွှေး တစ်ချောင်းဖြင့် စောင့်နေသည့် သူမ.။
“မသိလို့မေးနေတာမဟုတ်ဘူးဟေ့.။ မင်း ဒီအသက်အရွယ်ရှိနေပြီ.။ မကြီးမငယ်နဲ့ ဦးဘတုတ် ရွှေလိုဥထားတဲ့ မာလကာသီးတွေ ဘာလို့ သွားခိုးခူးရတာတုန်း..။”
“ဟာ--မေမေကလည်း.ခိုးတယ်လို့မပြောရဘူး. ရိုင်းတယ်.။မသိအောင် သွားယူတယ်လို့ပြောရတာ.”
“တိတ်စမ်း.!”
မေမေ တကယ်ဒေါသထွက်နေပြီမှန်းသိသည်ကြောင့် နောင်ငယ် နည်းနည်းတော့ငြိမ်သွားရသည်.။ မငြိမ်လို့လည်းမရ.။ ဟိုတစ်ခါကလည်း မေမေ စိတ်ဆိုးအောင်လုပ်မိပြီး အခန်းတံခါးထဲ လော့ချပုန်းနေတာတောင် သော့ပြင်သမားခေါ်ပြီး အခန်းတံခါး ဖွင့် ရိုက်ဖို့လုပ်သေးတာ.။ ဖေဖေ အဆွဲမြန်ပေလို့.။
“ငါးလုံးပဲ ခူးတာပါ မေမေရယ်.”
လက်လေးငါးချောင်းထောင်ပြကာ ပြုံးဖြီးဖြီးလုပ်ပြနေသည့် သားတော်မောင်သည် သူများအမြင်တွင်တော့ မြိုချထားချင်စဖွယ် ချစ်စရာကောင်းနေပေလိမ့်မည်။ ခုတော့ သူမ စိတ်ဆိုးနေသည်မို့ အကောင်းလည်း မမြင်နိုင်။
YOU ARE READING
Romance၁၆၃၅ ဆိုတာ ညောင်ရမ်းခေတ်ထဲက မလား။၁၆၃၅ ဆိုပြီး ငါက ဘယ်ခေတ်ကို ရောက်နေတာတုန်း. #ဤဇာတ်လမ်းတွင်ပါဝင်သောအကြောင်းအရာများသည် သမိုင်းနှင့်မသက်ဆိုင်ပါဘဲ စာရေးသူ၏ဖန်တီးစိတ်ကူးမှု သက်သက်သာ ဖြစ်ပါသည်။ Book Cover_ Lucy Xellies Written in Myanmar Language.~