နောင်ငယ် မနက်နိုးလာချိန်တွင် ကုတင်ပေါ်မှာတင်ပုလ္လင်လေးခွေလျက် ထိုင်နေမိသေးသည်။မနေ့ညက ချစ်စကားသည် နားထဲမှာတောင်ခုထိတဝဲလည်လည်။ ပြောပြီးသည်နှင့် နောင်ငယ့်အဖြေကိုတောင်မစောင့် နဖူးကိုတစ်ချက်နမ်းလျက် အိမ်ထဲခပ်သုတ်သုတ်ပြေးဝင်သွားသူအား ရှက်နေသည်ဟု နောင်ငယ် သမုတ်လို့ရသည်ထင်။
နောင်ငယ့် နှုတ်ခမ်းစွန်းတွေကော့တက်နေတာများ ဒီနေ့အဖို့ပြန်ကျလာဖို့တောင်မမြင်။ရင်ခွင်သည်းညှာသည် တလှပ်လှပ် ခုန်ကာ လှုပ်ခတ်နေဆဲ။
"နိုးနေပ.နောင်ငယ် ထမင်းစားရအောင်ပ"
တွေးနေတုန်းမှာပင် နောင်ငယ့်အခန်းထဲဝင်လာသည့် ခွန်မင်းသည် မျက်နှာထားက တည်တည်။ နောင်ငယ်နှင့်မျက်လုံးချင်း မဆုံ။နောင်ငယ် လှစ်ခနဲပြုံးကာ ကုတင်ပေါ်မှ ပြေးဆင်းလျက် ခွန်မင်းကိုခါးကနေ ပြေးဖက်လိုက်သည်။
"နောင်ငယ်-"
"အိပ်မက်မဟုတ်ပါဘူးနော် ကျွန်တော် တကယ်ယုံကိုမယုံနိုင်ဘူး."
"မဟုတ်ပ နောင်ငယ်။ချစ်စကားအမှန်ဆိုခဲ့သည်သာ.။ကျူပ် တကယ် နောင်ငယ့်ကိုမြတ်နိုးရော့တယ်။ "
"ပြီးတော့သမီးရည်းစားလိုလည်းချစ်တယ်မလား။"
ဖက်ထားရာမှ ခွါကာခေါင်းမော့လျက်ပြုံးစစမေးလာသူကြောင့် ခွန်မင်းမျက်နှာအတန်ငယ်နီလျက် ဖြေစရာ မရှိဖြစ်သွားသေးသည်။
"မစနောက်ကောင်းသင့် နောင်ငယ်"
"အယ် အသင်ရှက်နေတာကြီးကလည်း ချစ်စရာ.ချစ်လိုက်တာဗျာ.."
ခွန်မင်းရင်ခွင်ထဲ တဖန်ပြန်ဝင်ကာ လှုပ်လှုပ်ရွရွဖြင့် ခုန်ပေါက်နေသည့်နောင်ငယ်က အမှန်ပင်အသည်းကလီစာတွေ လိမ့်အောင်ယားနေသည့်နှယ်။ခွန်မင်းသည်ပါ လိုက်ပြုံးနေမိရင်း ရင်ခွင်ထဲမှ ခွါစေလိုက်သည်။
"သွား မျက်နှာသစ် ပြီးရင် မနက်စာစားရမယ် ပ.။နဖူးကဒဏ်ရာကိုလည်းသတိထားရော့"
"ဟုတ်."
ခေါင်းညိတ်ကာ ခပ်သွက်သွက်ထွက်သွားသူကိုကြည့်ကာ ခွန်မင်းပြုံးနေမိသေးသည်။အဆိုးလေးက အိပ်ရာပင်သိမ်းမသွား။ ချစ်နေပါပြီဖြစ်သည့် မိမိသည်သာ စောင်ခေါက်လျက် အိပ်ရာခင်းကိုပြန့်ပြန့်ပြူးပြူးဖြစ်အောင် သိမ်းခေါက်ပေးရသေးသည်။မိမိ အခန်းထဲခဏဝင်အဝတ်လဲပြီးသည့်အချိန်တွင်တော့ နောင်ငယ်က မီးဖိုခန်းနားမှ အသင့်ဖြစ်နေပြီး ဦးရီးနှင့် စကားလက်ဆုံကျနေသည်။
YOU ARE READING
Romance၁၆၃၅ ဆိုတာ ညောင်ရမ်းခေတ်ထဲက မလား။၁၆၃၅ ဆိုပြီး ငါက ဘယ်ခေတ်ကို ရောက်နေတာတုန်း. #ဤဇာတ်လမ်းတွင်ပါဝင်သောအကြောင်းအရာများသည် သမိုင်းနှင့်မသက်ဆိုင်ပါဘဲ စာရေးသူ၏ဖန်တီးစိတ်ကူးမှု သက်သက်သာ ဖြစ်ပါသည်။ Book Cover_ Lucy Xellies Written in Myanmar Language.~