အပိုင်း(၃၁)
ရွာပြင်လမ်းမတစ်လျှောက် နွားလှည်းကို နောင်ငယ် ကိုယ်တိုင်မောင်းလာခဲ့ခြင်းဖြစ်သည်။ ဖေဖေ အလည်သွားသည့် ရွာတွေ မှာလည်း တစ်ခါတစ်လေ အလည်သွားစဉ်ကလည်း နောင်ငယ် လှည်းမောင်းဖူးသည်မို့ ဒါက သိပ်တော့မခက်ခဲ။ ခွန်မင်း ကတော့ နောင်ငယ့်ဘေးတွင် ထိုင် လျက် ရှေ့တူရူကို လှမ်းကြည့်သလိုတစ်ချက်တစ်ချက် နောင်ငယ့်ဘက်ကိုလည်း လှည့်ကြည့်လာသေးသည်။
နေဝင်ရီတရောအချိန်အခါမျိုးအပင်တွေအုံ့ဆိုင်းသည့် ရွာလမ်းမထက်မှာ ချစ်သူ နှင့်ရွာရိုးကိုးပေါက် လျှောက်လည်ရ လိမ့် မည်ဟု မထင်မှတ်ခဲ့ဖူး။ခုများတော့ဖြင့် ဘေးတွင် ချစ်ရသူက အရိပ်တကြည့်ကြည့်ဖြင့် ရှိနေသည့်အခါ နောင်ငယ် ကျေနပ် မိသည်။တစ်ဖက်ရွာကို ကိစ္စရှိ၍ သွားမည်ဆိုတော့ နောင်ငယ် လိုက်ခွင့်တောင်းတော့လည်း ခွင့်ပြုခဲ့သည့် ခွန်မင်းသည် ချစ်သူရည်းစားဖြစ်ပြီးသည့်အခါ နောင်ငယ့်ကို အလုံးစုံလိုက်လျောပေးတတ်သည်။
“ပျော်နေပထင်.။မျက်နှာလေးကိုကြည့်ရော့”
“အင်း အသင့်ကိုကျေးဇူးတင်နေတာ.။ဘယ်အရပ်ကလာမှန်းလည်းမသိ.။ဘယ်အချိန်ပြန်ရမှန်းလဲ မသိတဲ့ ကျွန်တော့်လိုလူတစ်ယောက်ကို လက်ခံပေးထားတဲ့အပြင် ချစ်ပါချစ်ပေးသေးတယ်။တကယ်ပဲ ကျွန်တော်ကံကောင်းလွန်းတယ်လို့ ခံစားမိတယ် .”
“ကျေးဇူးဆို ကျူပ်က တောင်တင်ရမယ်ပ။ ကျူပ် ကို မေတ္တာစစ်ကိုရှာပေးခဲ့တဲ့နောင်ငယ့်ကိုကျူပ်က ပိုလို့ကျေးဇူးတင်အံ့”
“တတ်လိုက်တာ အသင်္ခယာ သား က”
ပြုံးစစဖြင့် သူ့ဘက်လှည့်ကာ ဆိုတော့ ခွန်မင်းက ပြုံးနေခဲ့သည်။နှစ်ကိုယ်တူရှိသည့်အချိန် တကယ်ပဲ စိတ်တွေအေးချမ်းနေခဲ့ ပါသည်။ ခွန်မင်း သေချာသထက်သေချာလာခဲ့ခြင်းသည် ဤကောင်ငယ်လေး အား ဘယ်သောအခါမှ လက်မလွှတ်ရန်ပင်။
“အယ့် အသင်-ဟိုမှာ -အဲ့ဒါ အမမယ်မဒီ မလား။ အယ် ဒုက္ခပါပဲ.။ဟိုလူက ဘာလို့ဆွဲလားယမ်းလား လုပ်နေတာလဲ.။”
ခွန်မင်းက လှမ်းအကြည့်ပင်ရှိသေးသည်။ နောင်ငယ်က လှည်းရပ်လျက် ဖြတ်ခနဲခုန်ဆင်းသွားတော့ သူလည်းအမြန်လိုက်ဆင်း ရတော့သည်။ရွာအဝင် ညောင်ပင်ကြီး၏အောက်တွင် မယ်မဒီအား ယောကျာ်းပျိုတစ်ယောက်က လက်ဆွဲထားလျက် အနည်း ငယ် ရုန်းရင်းဆန်ခတ်ဖြစ်နေသည်။
![](https://img.wattpad.com/cover/181509289-288-k848543.jpg)
YOU ARE READING
Romance၁၆၃၅ ဆိုတာ ညောင်ရမ်းခေတ်ထဲက မလား။၁၆၃၅ ဆိုပြီး ငါက ဘယ်ခေတ်ကို ရောက်နေတာတုန်း. #ဤဇာတ်လမ်းတွင်ပါဝင်သောအကြောင်းအရာများသည် သမိုင်းနှင့်မသက်ဆိုင်ပါဘဲ စာရေးသူ၏ဖန်တီးစိတ်ကူးမှု သက်သက်သာ ဖြစ်ပါသည်။ Book Cover_ Lucy Xellies Written in Myanmar Language.~