မြို့တော်သို့ရောက်ရှိချိန်တွင် ညမှောင်စပြုနေပြီဖြစ်သည်။ ခြံဝင်းတစ်ခုထဲတွင် ပျဉ်ထောင်အိမ်ခပ်ကြီးကြီးသည် ဝံ့ကြားစွာတည်ရှိနေသည်။မြင်းလှည်းလေးက ခြံဝင်းရှေ့ရပ်တော့ ကောင်လေး တစ်ယောက်က တံခါးကိုအပြေးအလွှား လာဖွင့်သည်။
“ဟာ နောင်ကြီးခွန်မင်း .ရုတ်တရက်ကြီးပ-”
“ဟုတ်တယ် စံရ။ ကျူပ့် နောင်ငယ်ကို အလည်လာပို့ရော့တာ.။”
မည်သည့် အဝတ်အစားအထုတ်အထည်မှ မပါ.။ခွန်မင်းက အဝတ်တစ်ထည်ကိုယ်တစ်ခုသာလိုက်စေခဲ့သည်မို့ နောင်ငယ် လုပ်နိုင်သည့်တစ်ခုတည်းသော အရာက ခွန်မင်း လက်မောင်းကိုခိုတွဲဖက်ထားရုံသာ။
“ဟုတ်--ဟုတ်--အခန်းကအမြဲရှင်းထားပ.နောင်ကြီး..”
ခွန်မင်း ကခေါင်းညိတ်ပြကာ အိမ်ထဲဝင်ရန်ဦးတည်လိုက်သည်။ သူ့လက်မောင်းတွေကိုခိုတွဲကာ ခြံဝင်းထဲ မျက်စိကစားလျက် ငေးကြည့်နေသူ၏ လက်တွေကိုဖြည်ချကာ လက်ဖဝါးကနေ ပြန်ဆွဲကိုင်လိုက်သည်။
“ဒီခြံ အသင်ပိုင်တာတော့ မဟုတ်ပါဘူးနော်.”
“အဟွန်း--အဘယ်လို့များတွေးမိလို့လဲ.။ကျူပ် ပိုင်ဆိုင်တာပ နောင်ငယ်.”
ခွန်မင်း က ရယ်သံစွက်၍ပြောသည့်အခါ နောင်တအကြီးကြီးရသွားသူမှာ နောင်ငယ်သာဖြစ်သည်။ မျိုးရိုးစဉ်ဆက် ကြွယ်ဝ ချမ်းသာ မှုကို မသိပါဘဲ အားနာကာ အဆူအပူခံပြီး ဝါးခုတ်ခဲ့သည့်နောင်ငယ်လေး ကအရူးလား။ လက်ဖဝါးက ဒဏ်ရာ ကတောင် အမာရွတ်သေးသေးလေးကျန်နေဆဲ။
ကိုယ့်ကို စေတနာထားဂရုစိုက်မှန်းသိနေသည်ကြောင့် လိုအပ်သမျှ ဖြည့်ဆည်းနေသည်ကို နောင်ငယ်က ငွေရှာတော့ စိတ်ဆိုးသည်တောင်ဖြစ်တန်ကောင်းပါရဲ့။အဲ့ဒါ ဟိုအမျိုးသမီး မကောင်းလို့.
အဲ့ဒါကြောင့် သူမကို ခွန်မင်း အနားကို မကပ်စေချင်တာ။မသကာ လှသူဇာ နှင့်ဆိုရင်တောင် သဘောတူပေးဦးမည်။ဒီလိုဆို ပြန်တော့လည်း နောင်ငယ် ခေါင်းတွင်တွင်ခါမိပြန်ပါသည်။
အခု လက်ရှိ ခွန်မင်းကို ဘယ်သူဆီကိုမှ မပေးချင်။ နောင်ငယ်ကသာ လုံခြုံသိမ်းဝှက်ထားချင်မိသည်မှာ အပိုမဟုတ်။
YOU ARE READING
Romance၁၆၃၅ ဆိုတာ ညောင်ရမ်းခေတ်ထဲက မလား။၁၆၃၅ ဆိုပြီး ငါက ဘယ်ခေတ်ကို ရောက်နေတာတုန်း. #ဤဇာတ်လမ်းတွင်ပါဝင်သောအကြောင်းအရာများသည် သမိုင်းနှင့်မသက်ဆိုင်ပါဘဲ စာရေးသူ၏ဖန်တီးစိတ်ကူးမှု သက်သက်သာ ဖြစ်ပါသည်။ Book Cover_ Lucy Xellies Written in Myanmar Language.~