မျက်နှာကို ဘယ်နှစ်ကြိမ်မြောက် သစ်ခဲ့ မိမှန်းကိုမသိတော့ပါ။ မျက်နှာတစ်ပြင်လုံးပူရှိန်းထူပူနေတာပဲသိတော့သည်။ ခွန်မင်း တစ်ယောက် ဘယ်တုန်းကမှ ဤကဲ့သို့ လက်လွတ်စပယ်မျိုးမဖြစ်ဖူးပေ။ထို့ပြင် အရှက်သိက္ခာကြီးမားလှသည့် အသင်္ခယာ သား ပေမို့ သူတစ်ပါး၏ လျှို့ဝှက်အပ်သော နေရာကို အတွေးထဲမှာတောင် မသီဖူး။ ခုတော့မြင်လွှာထဲ စွဲနေသည့် ဖြူဖွေး နေသည့် အရာတို့ကြောင့်သွေးတောင် ဆောင့်တိုးချင်သည်။
သို့ပေမယ့် ဒီလိုနေလို့မဖြစ်။ သူက လူကြီးပေမို့ အငယ်လေး သိပ်မရှက်စေရန် မသိသလိုဟန်ဆောင်ပေးရမည်ပေါ့။ သက်ပြင်းမောလေး မှုတ်ထုတ်ရင်း နဖူးထက်ဆံစတစ်ချို့ကိုသိမ်းတင်လိုက်ချိန် အောင့်ခနဲနာကျင်သွားသည်။ နဖူးတွင် ဖူးယောင်နေသည်က နည်းနည်းနောနောမှမဟုတ်။
“ဟင်း--လက်သံပြောင်လှပေရော့ နောင်ငယ်။ ကျူပ်က သူလို ယောက်ျားလေးလို အဘယ်မဟုတ်တာကြံစည်မှာမို့ ဒီမျှလောက်အကဲဆတ်ရပါသလဲ.”
အ၀တ်ကိုအထုံးလေးလုပ်ကာ ယောင်နေသည့် နဖူးကို အာငွေ့ပေးပြီးမှ အခန်းထဲက ထွက်ကာ အနောက်ဘက်တွင် ထမင်းစား ဖို့ ခူးခပ်ပြင်ဆင်လိုက် သည်။ ထမင်း ဟင်းတွေကဖြင့် မိနွယ် စီစဉ်ချက်ပေးခဲ့ခြင်းပင်ဖြစ်မည်။ ထုံးစံအတိုင်း ထမင်းက နှစ်အိုး ချက်နေကျမို့ နောင်ငယ့်အတွက် သီးသန့်ချက်လေ့ရှိသည့် မြေအိုးသေးသေးလေးထဲမှ ထမင်းတို့ကို သက်သက်ခူးထား လိုက်သည်။ပြီးမှ အိမ်ပေါ်ပြန်တက်လာကာ နောင်ငယ့်အခန်းရှေ့ရောက်လာ၏။
“ထမင်းစားကြစို့နောင်ငယ်.။ အချိန်လင့်နေရော့ပြီ။”
“မ--မဆာဘူး။”
“ ဘယ်နှယ့် မဆာရှိမလဲ။ ညအချိန်မတော်မှ စားချင်သပဆို ကျူပ်လည်းခူးခပ်မကျွေးနိုင်ပ.။ထွက်လာခဲ့ရော့။ နောင်ငယ် ရှက်နေသလား။ ယောက်ျားသားချင်းပေပဲမို့ မရှက်ပါနဲ့.။မဖြစ်ခဲ့ဘူးလို့ သဘောထားပေးမယ်ပ.”
တံခါးရွက်လေးက ဖြတ်ဆို ပွင့်လာသည်။ ခုထိနီရဲနေသေးသည့် မျက်နှာလေးနှင့် နောင်ငယ်သည် သူ့ကိုဘုကြည့်ကြည့်သည်။
YOU ARE READING
Romance၁၆၃၅ ဆိုတာ ညောင်ရမ်းခေတ်ထဲက မလား။၁၆၃၅ ဆိုပြီး ငါက ဘယ်ခေတ်ကို ရောက်နေတာတုန်း. #ဤဇာတ်လမ်းတွင်ပါဝင်သောအကြောင်းအရာများသည် သမိုင်းနှင့်မသက်ဆိုင်ပါဘဲ စာရေးသူ၏ဖန်တီးစိတ်ကူးမှု သက်သက်သာ ဖြစ်ပါသည်။ Book Cover_ Lucy Xellies Written in Myanmar Language.~